spot_img
Saturday, February 14, 2026
More
    spot_img
    Homeမေးမြန်းချက်ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီနဲ့ ဆက်သွယ်မေးမြန်းချက်

    ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီနဲ့ ဆက်သွယ်မေးမြန်းချက်

    -

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနား တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)  ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းနဲ့ ဗဟိုကော်မတီဝင် ၂ ဦးတို့ကို ABSDF က တာဝန်ကနေ ရုတ်သိမ်းလိုက်ပါတယ်။ 

    စစ်ကောင်စီကနေ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ NCA ၈ နှစ်ပြည့်အခမ်းအနားသို့ ABSDF က ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ဗဟိုဦးဆောင်ကော်မတီဝင်များ ဖြစ်ကြတဲ့ ဦးစောမောင်ဦး၊ ဦးမင်းဇော်တို့ ၃ ဦး တက်ရောက်ခဲ့ကြပါတယ်။


    NCA ၈ နှစ်ပြည့်အခမ်းအနား တက်ရောက်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ ဘယ်လိုအရေးယူမှုလုပ်ဆောင်ထားသလဲ NCA အပေါ် သဘောထားနဲ့ ABSDF ရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေနဲ့ ပတ်သက်ပြီး ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး ။ ။ NCA ၈ နှစ်ပြည့်အခမ်းအနား တက်ခဲ့တဲ့ APSDF တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူဆောင်ရွက်မှုတွေ လုပ်ထားတာရှိလဲ?

    ဖြေ ။ ။ အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးတရပ်ကို ကျင်းပဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့ NCA ၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို သွားတက်ခဲ့တဲ့ ရဲဘော် ၃ ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါတယ်။ အဲတော့ အဖွဲ့အစည်းရဲ့ စည်းမျဥ◌်း စည်းကမ်း အဖွဲ့အစည်းရဲ့ သဘောထားရပ်တည်ချက်နဲ့ဆန့်ကျင်ပြီးတော့ ဒီ ၃ ဦးက သူတို့သဘောထားအရ သွားတက်ရောက်တဲ့အတွက်ကြောင့် ကျနော်တို့အဖွဲ့အစည်းကနေ လုပ်ထုံးလုပ်နည်းနဲ့အညီ ကျနော်တို့ သူတို့ရဲ့ နိုင်ငံရေးတာဝန် စစ်ဖက်ဆိုက်ရာတာဝန်တွေကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးမှာ တက်ရောက်သူဗဟိုကော်မတီဝင်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရင် အတည်ဖြစ်တယ်လို့ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းချက်အရပဲ ကျနော်တို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    မေး ။ ။ သူတို့ကို နိုင်ငံရေးတာဝန် စစ်ဖက်ဆိုက်ရာတာဝန်တွေကို ရပ်ဆိုင်းခဲ့တာဆိုက ဘယ်လိုမျိုးလဲ။ သူတို့ကို အဖွဲ့ကနေ ထုတ်ပယ်လိုက်တာလား?

    ဖြေ ။ ။ မဟုတ်ပါဘူး။ ကျနော်တို့က သူတို့ရဲ့ နိုင်ငံရေးတာဝန် စစ်ဖက်ဆိုင်ရာတာဝန်တွေကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ ကျနော်တို့တပ်ဦးရဲ့ တပ်ဖွဲ့ဝင်အနေနဲ့ ဆက်လက်တည်ရှိနေတုန်းဖြစ်ပါတယ်ဗျ။

    မေး ။ ။ သူတို့ ၃ ဦးက ABSDF ကိုယ်စားလှယ်အနေနဲ့ သွားတာလား ဒါမှမဟုတ် PPST မှာပါတဲ့ EAO အနေနဲ့ သွားတာလား ဘယ်လိုပုံစံမျိုးနဲ့ သွားတက်ခဲ့တာလဲ?

    ဖြေ ။ ။ အဲဒါတော့ ဘယ်လိုပုံစံမျိုးနဲ့ သွားတက်လဲဆိုတာ ကျနော်တို့ မသိပါဘူးဗျ။ ကျနော်တို့အဖွဲ့အစည်းကို ကိုယ်စားပြုပြီးတော့ သွားတာမဟုတ်တာ သေချာပါတယ်။ သူတို့ရဲ့တသီးပုဂ္ဂလ ဆန္ဒအရ သွားတယ်ဆိုပေမယ့် ဘယ်လိုပုံစံနဲ့သွားလဲဆိုတာတော့ ကျနော်တို့ အတိအကျ မသိပါဘူးဗျ။ 

    မေး ။ ။ အခု လက်ရှိ ABSDF အနေနဲ့ ဘယ်လိုတိုက်ပွဲမျိုးတွေ ဖော်ဆောင်နေတာရှိလဲ?

    ဖြေ ။ ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ နည်းလမ်းပေါင်းစုံ ဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်နေကြတဲ့အင်အားစုတွေနဲ့ လက်တွဲပြီးတော့ တိုက်ပွဲဝင်နေပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီကို တွန်းလှန်နေတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပျက်ခြေမှုန်ရေးအတွက် ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစု အသီးသီးနဲ့လည်း လက်တွဲပြီးတော့ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေပါတယ်။

    မေး ။ ။ NCA ၈ နှစ်ပြည့်မှာ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ EAO တွေ တက်ရောက်တာ ရှိတယ်။ တိုက်ပွဲဖြစ်နေတဲ့ ၃ ဖွဲ့ကျတော့ မတက်ရောက်ဘူးဆိုတော့ တကယ်ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးအတွက် ဖြစ်နိုင်ပါ့မလား ဘယ်လိုမြင်လဲ? 

    ဖြေ ။ ။ NCA ကို လက်မှတ်ရေးထိုးခဲ့တုန်းက NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းရယ်၊ အစိုးရ လွှတ်တော် တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းရယ် အစိုးရအနေနဲ့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ် ဆိုတော့ ပူးတွဲ (ownership) ဖြစ်ပါတယ်။ ပူးတွဲအခမ်းအနားတွေကိုကျင်းပရမှာဖြစ်ပါတယ်။ ဒီနေ့ စစ်ကောင်စီ ကျင်းပတဲ့ NCA အခမ်းအနားဟာ တရားမဝင်သလို စစ်ကောင်စီက တဘတ်သတ်ကနေ သူ့ရဲ့တရားဝင်မှုကို နည်းလမ်းပေါင်းစုံနဲ့ ဒါက ငြိမ်းချမ်းရေးကို အထောက်အကူပြုမယ် နိုင်ငံရေးဖြေရှင်းမှုကို အထောက်အကူပြုမယ်လို့တော့ ကျနော်ကတော့ မယူဆဘူး။ စစ်ကောင်စီက သူ့ရဲ့ နည်းလမ်းပေါင်းစုံ ဒုက္ခပေါင်းစုံ အကြပ်အတည်းပေါင်းစုံမှာ တရားဝင်မှု လုံးဝမရရှိသေးတဲ့ သူ့ရဲ့အခန်းကဏ္ဍကို တရားဝင်မှုရရှိနိုင်မယ့် လမ်းကြောင်းတခုအနေနဲ့NCA နှစ်ပတ်လည်နေ့အခမ်းအနားကို အသုံးချပြီးတော့ ဆောင်ရွက်တယ်လို့ပဲ မြင်ပါတယ်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks