Wednesday, April 15, 2026
More
    spot_img
    Homeသတင်းစစ်အာဏာသိမ်းနောက်ပိုင်း ရေးမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှုး ၉ ဦးအထိ ပစ်သတ်ခံရ

    စစ်အာဏာသိမ်းနောက်ပိုင်း ရေးမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှုး ၉ ဦးအထိ ပစ်သတ်ခံရ

    -

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်ဆိုသည့် စွပ်စွဲချက်နဲ့ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှုး (၉) ဦးအထိ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းအချက်အလက်များအရ သိရသည်။

    စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ပစ်သတ်ခံရသည့် ကျေးရွာအုပ်ချုပ် ရေးမှုးများမှာ နှင်းစုံကျေးရွာမှ ဦးစောဝင်းမြင့်၊ ကော့ဒွတ်ကျေးရွာမှ နိုင်စန်ဝင်း၊ ကဗျာကြီးကျေး ရွာမှ ဦးမောင်စံအေး (ခ) ထားဝယ်၊ အစင်စံပြကျေးရွာမှ ဦးမောင်မြင့်၊ ကျောက်မိချောင်း (တောင်ပိုင်း) ကျေးရွာမှ ဦးဝင့်မြင့်နှင့် မာန်အောင်ကျေးရွာက အုပ်ချုပ်ရေးမှုးတို့ဖြစ်သည်။

    ထိုအပြင် ရေးမြို့ပေါ်ရှိ သီရိဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးမင်းသိန်း၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးကျော်အောင်နှင့် ၎င်းနေရာ၌ အစားထိုး ခန့်အပ်လိုက်သည့် ဦးအေးလွင် (ခ) ကိုလတ်တို့သည်လည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

    “အခုလို အခြေအနေမှာ အုပ်ချုပ်ရေးမှုးတွေက စိုးရိမ်တယ်ပေါ့၊ ၁၀၀ ရာခိုင်နှုန်းအထိ စိုးရိမ်နေ ရတာပါ။ ဒီဘက်က အုပ်ချုပ်ရေးမှုးတွေမှ မဟုတ်ဘူး၊ လက်နက်မဲ့ နိုင်ငံဝန်ထမ်းတွေ အကုန် လုံးက စိတ်လုံခြုံမှု မရှိဘူးဖြစ်နေတယ်” ဟု ရေးမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့်အောက်တိုဘာလ ၁၀ ရက်နေ့က နောက်ဆုံးပစ်သတ်ခံရသည့် ရေးမြို့၊ အောင်မေတ္တာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ကိုလတ်သည် ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ် သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်ဆိုသူများနှင့် ၎င်းတို့ စွပ်စွဲသည့် စစ်ကောင်စီ သတင်း ပေးဆိုသူများကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

    အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှုးများကိုတာဝန်ကရပ်စဲကြောင်း ကြေညာ ခဲ့သည့် စစ်ကောင်စီသည် ရပ်/ကျေးအုပ်ချုပ်ရေးမှုးအသစ်များကို ကြံ့ခိုင်ရေးပါတီဝင်နှင့် စစ်တပ် လိုလားသူတို့ဖြင့် အစားထိုး ခန့်အပ်စေခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks