spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရ

    ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

    အသက် ၅၂ အရွယ် ဦးဇော်နိုင်လင်းသည် ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ “ဖူး” လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဇော်နိုင်လင်းသည် အခင်းဖြစ်ပွားသည့် လက်ဖက်ရည်ဆိုင်တွင်ပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

    “ဦးစီးမှူးက လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း ထိုင်နေတဲ့အချိန်မှာ သေနတ်သမားတွေက ရောက်လာပြီး ပစ်သွားတာ။ ၃/၄ ချက်လောက်ရှိမယ်။ ပစ်သွားတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ဦးဇော်နိုင်လင်း ၏ ရုပ်အလောင်းအား လူမှုကူညီရေးအဖွဲ့က ရေးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

    ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

    ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “ရေးမြို့နယ်မှာရှိတဲ့ ပင်လယ်ငါးဖမ်းသ‌င်္ဘောကြီးတွေအပေါ်သြဇာအပြည့်ရှိ၊ လုပ်ပိုင်ခွင့်အပြည့်ဝရထားတဲ့ ငါးဦးစီးမှုကို နံနက် ၇ နာရီခွဲလောက်မှာ အနားပေးလိုက်ပါပြီ” ဆိုပြီး ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင် (ခ) ကိုလတ်ကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သေးသည်။

    အောက်တိုဘာလ ၁၁ ရက်ကလည်း ရေးမြို့၊ သီရိမာလာရပ်ကွက် ဦးအောင်သူ (ခ) ဦးစည်သူဆိုသူ ရေးမြို့နယ် ဖလံကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသေးကြောင်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က ရေးမြို့ရှိ မြဝတီဘဏ် ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဘဏ်လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သည့်ဖြစ်စဥ် ရှိခဲ့သည်။

    ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်ဆိုသူများနှင့် ၎င်းတို့ စွပ်စွဲသည့် စစ်ကောင်စီသတင်းပေးဆိုသူများကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks