Thursday, March 12, 2026
More
    spot_img
    Homeသတင်းရာမညတပ်ဖွဲ့ဝင်တစ်ဦး မွန်ပြည်သစ်ပါတီထံ လက်နက်ခဲယမ်းနှင့်အတူ ပူးပေါင်း

    ရာမညတပ်ဖွဲ့ဝင်တစ်ဦး မွန်ပြည်သစ်ပါတီထံ လက်နက်ခဲယမ်းနှင့်အတူ ပူးပေါင်း

    -

    ရာမညတပ်ဖွဲ့ဝင် နိုင်ထွန်းနိုင်သည် လက်နက်ခဲယမ်းများနှင့်အတူ မွန်ပြည်သစ်ပါတီ (NMSP) ထံ လာရောက်ပူးပေါင်းကြောင်း မွန်ပြည်သစ်ပါတီသတင်းများကို ရေးသားဖော်ပြနေသည့် (ခၟောံဇဝ်ဗော်ဍုင်မန်တၟိ) က အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်ပြန်သည်။

    ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ချမ်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် တပ်ဖွဲ့တွင် ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် နိုင်ထွန်းနိုင်သည် ကရင်လက်အောက်တွင် မနေနိုင်သည့်အတွက် မွန်ပြည်သစ်ပါတီထံ လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု နိုင်ထွန်းနိုင်၏ ပြောဆိုချက်ကို ကိုးကားပြီး (ခၟောံဇဝ်ဗော်ဍုၚ်မန်တၟိ) က ထုတ်ပြန် ရေးသားထားသည်။

    “နိုင်ချမ်းမရှိတော့တဲ့နောက်မှာ ရာမညတပ်ဖွဲ့ကို သီးခြားအဖွဲ့တခုအနေနဲ့ နေဖို့ ခွင့်မပြုဘူးလို့ ကရင် KNU က ခေါင်းဆောင် နိုင်ဗညားကို လာပြောတယ်။ ဒါကြောင့် ကရင်လက်အောက်မှာ မနေနိုင်လို့ မွန်ပြည်သစ်ပါတီမှာ လက်နက်လာအပ်တယ်” ဟု နိုင်ထွန်းနိုင်က ပြောဆိုကြောင်း (ခၟောံဇဝ်ဗော်ဍုင်မန်တၟိ) ထုတ်ပြန်ချက်တွင် ပါရှိသည်။

    နိုင်ထွန်းနိုင်သည် ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသ ဇာတိဖြစ်ပြီး ရာမညတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ချိန်တွင် နိုင်ချမ်းနှင့် အတူ တော်လှန်ရေးတွင် ပါဝင်လာခဲ့သည်ဟု သိရသည်။

    ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ချမ်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အလယ်စခန်းနှင့် သဲချောင်းကျေးရွာကြားတွင် ချောင်းမြောင်းပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

    နိုင်ချမ်းသေဆုံးမှုနှင့် ပတ်သက်ပြီး အချို့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးကြောင်း ပြောဆိုနေသလို တချို့ကလည်း ဓါးဖြင့် ထိုးသတ်ခံရကြောင်း သတင်းထွက်နေခဲ့သော်လည်း နိုင်ချမ်းသည် ဓါးဒဏ်ရာ၊ ရိုက်နှက်ထားသည့်ဒဏ်ရာဖြင့် သေဆုံးကြောင်း နိုင်ထွန်းနိုင်က ပြောဆိုသည်ဟု (ခၟောံဇဝ်ဗော်ဍုင်မန်တၟိ) က ထုတ်ပြန်ထားသည်။

    နိုင်ချမ်းဦးဆောင်သည့် ရာမညတပ်ဖွဲ့သည် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်နယ်စပ်တလျှောက် လှုပ်ရှားနေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး နိုင်ချမ်းမရှိတော့သည့်နောက်ပိုင်းတွင် နိုင်ဗညားဆိုသူက ခေါင်းဆောင်အဖြစ် တာဝန်ယူနေသည်ဟု သိရသည်။

    ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ချမ်းနှင့် တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မေလအတွင်းကလည်း ရေးမြို့နယ်၊ မာန်အောင်ကျေးရွာအနီးတွင် ချောင်းမြောင်းပစ်ခတ်ခံရသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks