Thursday, March 12, 2026
More
    spot_img
    Homeသတင်းသရက်ချောင်းမြို့နယ် ရငဲရွာတွင် နေအိမ် ၄ လုံး မီးရှို့ ခံရ

    သရက်ချောင်းမြို့နယ် ရငဲရွာတွင် နေအိမ် ၄ လုံး မီးရှို့ ခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာတွင် ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက နေအိမ် ၄ လုံး မီးရှို့ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက် ၇ နာရီခွဲခန့်က ရငဲရွာထဲ ဝင်လာချိန် ပြည်သူ့ကာကွယ်ရေးတပ်တို့နှင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲကြပြီး နံနက် ၈ နာရီခန့်တွင် ရွာထဲရှိ နေအိမ်များကို စတင်မီးရှို့ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “သေနတ်သံတွေ ဆက်တိုက်ပဲကြားရတယ်။ လက်နက်ကြီးသံလိုမျိုး ပေါက်ကွဲသံကြီးတွေလည်း ဆယ်ကျော်တယ်ရှင်” ဟု အနီးအနားရွာမှ ဒေသခံတစ်ဦးက ပြောသည်။

    ၎င်းပြင် နေ့လည် ၁၁ နာရီခွဲဝန်းကျင်အချိန်တွင်လည်း ရငဲရွာနှင့် အနီးရှိ ဝဲရစ်ရွာဘက်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထပ်ကြားရကြောင်းလည်း ဆိုသည်။

    စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာမှုနှင့် တိုက်ပွဲကြောင့် ရငဲရွာတွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရငဲရွာအနီးနားရှိ ဝဲရစ်၊ ကမြိုင်၊ ကျောက်ခမောက်ရွာမှ ဒေသခံများလည်း စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေရကြသည်။

    ရငဲရွာတွင် ယခုတစ်ကြိမ်ပါဆို နေအိမ်မီးရှို့ခံရသည့်ဖြစ်စဥ◌် ငါးကြိမ်ရှိပြီးဖြစ်ကြောင်း မီးရှို့ခံရမှုကြောင့် ရငဲရွာတွင် နေအိမ် ၁၂ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks