Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်များ ကပြခွင့် ပါမစ်ပေးမည်။

    မွန်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်များ ကပြခွင့် ပါမစ်ပေးမည်။

    -

    မွန်ပြည်နယ်အတွင်းရှိ မွန်၊ မြန်မာဇာတ်သဘင်များကို ကပြခွင့် ပါမစ် ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြည်နယ်ဇာတ်သဘင်အသိုင်းအဝိုင်းထံမှ သိရသည်။

    မွန်ပြည်နယ်အတွင်းရှိ မွန်၊ မြန်မာဇာတ်သဘင်များကို ကပြခွင့် ပါမစ် ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြည်နယ်ဇာတ်သဘင်အသိုင်းအဝိုင်းထံမှ သိရသည်။

    ပွင့်လင်းရာသီရောက်လာသည့်အပြင် ပွဲတော်များလည်း ပြန်လည်ကျင်းပခွင့်ရနေပြီးဖြစ်သောကြောင့် ဇာတ်သဘင်များကိုလည်း ပါမစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဇာတ်သဘင်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

    “အခုက ပွဲတော်တွေလည်း တော်တော်များများ ပြန်ကျင်းပနေကြပြီ။ ဇာတ်တွေကို ပါမစ်ခွင့်ပြုပေးလိုက်တော့ ပိုအဆင်ပြေကြတာပေါ့။ မကရတာလည်း ကြာနေကြပြီးလေ” ဟု ၎င်းက ပြောသည်။

    ဇာတ်ပွဲများ ကပြခွင့်မရသောကြောင့် ဇာတ်သမားများသည် ရရာလုပ်ငန်းများကို လုပ်ကိုင်ကာ စားဝတ်နေရေး ဖြေရှင်းနေကြရကြောင်း ၎င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့်နှစ်က မွန်ဇာတ်သဘင်များကို ငှားရမ်းသူရှိခဲ့သော်လည်း မြန်မာဇာတ်သဘင်များမှာ ငှားရမ်သူမရှိသလောက် နည်းပါးခဲ့ကြောင်း သိရသည်။

    ဇာတ်သဘင်များသည် အလှူပွဲများတွင်သာ ကပြဖျော်ဖြေနေရပြီး ပွဲတော်များတွင် ကပြခွင့် မရခဲ့ကြောင်း သဘင်ပညာသည်တစ်ဦးက ပြောသည်။

    “ပါမစ်ခွင့်ပြုပေးတော့ ပိုကောင်းတယ်။ ဘာလို့ဆို အရင်နှစ်တွေက ဒီမှာ မရတော့ ကရင်ပြည်နယ်ဘက်ကိုပဲ အားပြုရတာပေါ့”“ပါမစ်ခွင့်ပြုပေးတော့ ပိုကောင်းတယ်။ ဘာလို့ဆို အရင်နှစ်တွေက ဒီမှာ မရတော့ ကရင်ပြည်နယ်ဘက်ကိုပဲ အားပြုရတာပေါ့”ဟု ၎င်းက ပြောသည်။

    ဇာတ်သဘင်ပါမစ်များ ရရှိပါက ပွဲတော်များတွင် သတ်မှတ်ပေးသည် အချိန်အတွင်း ညှိနှိုင်းကာ ကပြ ဖျော်ဖြေခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks