spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် သိသိသာသာတိုးလာ

    တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် သိသိသာသာတိုးလာ

    -

    တနင်္သာရီတိုင်းဒေသကြီးတွင် စက်တင်ဘာလအတွင်းက စစ်ဘေးရှောင် သိသိသာသာတိုးလာသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ ထုတ်ပြန်ထားချက်အရ သိရသည်။

    တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ြသဂုတ်လအတွင်းက စစ်ဘေးရှောင်ပြည်သူ ၃၅၀၀၀ ကျော်ရှိရာမှ စက်တင်ဘာလအတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၅၀၀၀၀ နီးပါးတိုးလာသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    စက်တင်ဘာလအတွင်း တနင်္သာရီဒေသတွင် ဒေသအလိုက် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးဝင်ရောက်မှု အကြိမ်ရေ ပိုစိပ်လာခဲ့ပြီး ယာယီစစ်ဘေးရှောင်ဦးရေနှင့် အမြဲတမ်းစစ်ဘေးရှောင်လည်း မြင့်တက်လာခဲ့သည်။

    ထားဝယ်ဒေသ၊ အရှေ့တောနယ်တွင် စစ်ဘေးရှောင် ၂၀၀၀ ကျော်၊ ရေဖြူမြို့နယ်အတွင်း ၅၀၀၀ ကျော်၊ သရက်ချောင်းမြို့နယ်အတွင်း ၈၀၀၀ ခန့်နှင့် လောင်းလုံးမြို့နယ်အတွင်း ၆၅၀၀ ခန့်ရှိခဲ့သည်။

    စက်တင်ဘာလဒုတိယအပတ်မှစတင်သော စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ပုလောမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀၀ နီးပါးခန့်နှင့် တနင်္သာရီမြို့နယ်တွင် ၈၀၀၀ ခန့်ရှိခဲ့သည်ဟု  ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ရေးသားထားသည်။

    စက်တင်ဘာလနောက်ဆုံးအပတ်အထိ တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်ပြည်သူ ၂၁၀၀၀ ကျော် ကျန်ရှိနေဆဲဖြစ်သည်ဟုလည်း ဆိုသည်။

    အထက်ပါ စစ်ဘေးရှောင်အရေအတွက်သည် မြေပြင်မှ လက်လှမ်းမီရာ စုစည်းရရှိသည့်အချက်အလက်များဖြစ်ပြီး ဒေသအခြေအနေများအရ လက်လှမ်းမမီသည့် စစ်ဘေးရှောင်အရေအတွက်များလည်း ရှိနိုင်သည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts