Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်းက အထင်ကရပွဲတော်များ ကျင်းပမည်

    မွန်ပြည်နယ်အတွင်းက အထင်ကရပွဲတော်များ ကျင်းပမည်

    -

    မွန်ပြည်နယ်အတွင်း သီတင်းကျွတ်ကာလ နှစ်စဉ်ကျင်းပလေ့ရှိသည့် အထင်ကရ ဘုရားပွဲတော်များဖြစ်သည့် ကျိုက္ခမီရေလယ်ဘုရားပွဲတော်၊ ကျိုက်ထီးရိုးဘုရားပွဲတော်၊ ကျိုက်တမော့ဘုရားပွဲတော်များကို ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့တို့ထံမှ သိရသည်။

    သီတင်းကျွတ်လဆန်း ၉ ရက်နေ့ (အောက်တိုဘာ ၂၃ ရက်) မှ လပြည့်ကျော် ၅ ရက်နေ့ (နိုဝင်ဘာ ၁၁ ရက်) အထိ ကျင်းပပြုလုပ်သွားမည့် ကျိုက္ခမီရေလယ်ဘုရားပွဲတော်ကို ပျော်ပွဲရွှင်ပွဲများပါ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

    သီတင်းကျွတ်လဆန်း ၆ ရက်နေ့(နိုဝင်ဘာ ၁၂ ရက်) မှ ၈ ရက်နေ့ (နိုဝင်ဘာ ၁၄ ရက်) အထိကျင်းပလေ့ရှိသည့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ကျိုက်တမော့ကြီးဘုရားပွဲကိုလည်း ရိုးရာအတိုင်း ကျင်းပပြုလုပ်သွားရန်ရှိသည်။

    ကျိုက်တမော့ဘုရားကြီးပွဲတော်သည် ကိုဗစ်မဖြစ်ခင်က ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ နှစ်တိုင်းကျင်းလာခဲ့သော်လည်း ကိုဗစ်နောက်ပိုင်းတွင် အကျဥ◌်းချုံးသာ ကျင်းပလာခဲ့ကြောင်း ယခုနှစ်တွင်လည်း နိုင်ငံရေးအခြေအနေကြောင့် ဘုရားဖူးများ လုံခြုံရေးအတွက် ဘုရားပွဲကို ပျော်ပွဲရွှင်ပွဲမပါပဲ ကျင်းပပြုလုပ်ရန် စီစဥ◌်ထားသည်ဟု ဘုရားပွဲကျင်းပရေးကော်မတီတာဝန်ရှိသူတို့က ပြောသည်။

    ၎င်းက “အခြေနေတွေကလည်း ထင်သလောက်မငြိမ်းချမ်းနေဘူး။ ပြီးတော့ လုံခြုရေးအရလည်း ဘာမှအသေအချာမရှိတော့ ပွဲလမ်းသဘင်တွေက မရှိနိုင်သေးဘူးပေါ့။ အရင်က ကျိုက်တမော့ဘုရားပွဲက ညဘက်မှ တက်ကြတယ်။ ဒါပေမဲ့ အခုက အခြေနေကိုကြည့်ပြီးတော့ နေ့ခင်းဘက်ပဲ တက်ခွင့်ပြုမယ်” ဟု ဆိုသည်။

    ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားပွဲတော်လည်း နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် နှစ်စဥ်နှစ်တိုင်း သီတင်းကျွတ်ကာလတွင် အထင်ကရ ဘုရာပွဲတော်များ ကျင်းပလေ့ရှိသည့်အပြင် ရပ်ကွက်အလိုက် ဘုရားပွဲများနှင့် ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပလေ့ရှိသော်လည်း ကိုဗစ်ကူးစက်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် ပွဲတော်ကျင်းပခြင်းကို ရပ်နားလာခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks