spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းအကြမ်းဖက်မှု အဆုံးမသတ်ပဲ ဆွေးနွေးမှု ပြုလုပ်ရန်မရှိဟု KNU၊ CNF နှင့် ABSDF ထုတ်ပြန်

    အကြမ်းဖက်မှု အဆုံးမသတ်ပဲ ဆွေးနွေးမှု ပြုလုပ်ရန်မရှိဟု KNU၊ CNF နှင့် ABSDF ထုတ်ပြန်

    -

    ပြည်သများအပေါ် ပြုလုပ်နေသည့် အကြမ်းဖက်မှုများ အဆုံးမသတ် မည်သည့်ဆွေးနွေးမှုမှ ပြုလုပ်ရန်မရှိဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့က အောက်တိုဘာ ၁၂ ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

    စစ်ကောင်စီက ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘော တူစာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနားနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ယခုလို ရေသားထားခြင်းဖြစ်သည်။

    စစ်တပ်က အာဏာသိမ်းယူခြင်းသည် NCA အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်းဖြစ်သလို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်း ပျယ်ပြယ်စေသည့်အတွက် NCA ကို အခြေခံသည့် လုပ်ငန်းစဉ်နှင့် ဆွေးနွေးပွဲလမ်းကြောင်းများ ရပ်တန့်သွားခဲ့သည်ဟု ဆိုသည်။

    ၎င်းပြင် စစ်တပ်က အင်အားသုံးပြီး ပြည်သူများကို ပစ်မှတ်ထား အကြိမ်ကြိမ်တိုက်ခိုက်နေခြင်းသည် NCA စာချုပ် ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေပြီး စစ်တပ်က ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာခြင်းနည်းလမ်းကို စွန့်လွှတ်ကြောင်း ပေါ်လွင်စေသည်ဟုလည်း ပြောထားသည်။

    NCA ကို ဟန်ပြပြီး အကောင်အထည်ဖော်နေသည့် ဆွေးနွေးပွဲများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသယောင်ဖြင့် ပြုလုပ်နေသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဟန်ပြလုပ်ရပ်များ၊ အတုအယောင်ရွေးကောက်ပွဲတို့သည် နိုင်ငံ၏ အကြပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ပဋိပက္ခကို ရှည်လျားအောင် ပြုလုပ်နေခြင်းသာ ဖြစ်သည်ဟု လက်နက်ကိုင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

    ABSDF၊ CNF နှင့် KNU တို့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်နှင့် လ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးဆိုင်ရာ ဘုံနိုင်ငံရေးရည်မှန်းချက်များဖြစ်သည့် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို အဆုံးသတ်ရန်၊ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းပြီး ရွေးကောက်ခံ အရပ်အစိုးရ၏ လက်အောက်တွင် ထားရန်၊ အားလုံးလက်ခံနိုင်သည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ ဥပဒေအသစ် ရေးဆွဲရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး ဖော်ဆောင်ရန်၊ လုပ်ငန်းအကောင်အထည်ဖော်သည့် အဆင့်တိုင်းတွင် နိုင်ငံတကာ၏ ကြားဝင်ညှိနှိုင်းမှု၊ နည်းပညာပံ့ပိုးကူးညီမှု၊ လေ့လာစောင့်ကြည့်မှုနှင့် ဘဏ္ဍာရေးကူညီထောက်ပံ့မှု ပါဝင်ရေး သဘောတူညီထားရန်တို့ကို ချမှတ်ထားသည်။

    ၎င်းပြင် ဘုံနိုင်ငံရေးရပ်တည်ချက်များဖြစ်သည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများ အဆုံးမသတ်ပဲ မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန် မရှိကြောင်း၊ ပါဝင်ပတ်သက်သူများ စနစ်အပြောင်းအလဲကို လိုလားရုံသာမက စစ်အာဏာရှင်စနစ်မှ နောက်ပုံစံတစ်ခုဖြစ်သည့် အာဏာရှင်အရပ်သားအစိုးရပုံစံဖြင့် ပြောင်းလဲခြင်းကို လက်ခံနိုင်ဖွယ်မရှိကြောင်း၊ နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းကြား ပြုလုပ်သည့်အာဏာခွဲဝေမှုကို လက်မခံပါ၊ အကျပ်အတည်းကို ဖြေရှင်းရာတွင် အမျိုးသားစည်းလုံးညီညွတ်မှုကို အခြေခံပြီး အနာဂတ်မြန်မာနိုင်ငံ၏ အစိုးရကို ဖန်တီးပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲစနစ်တရပ် လိုအပ်ကြောင်း၊ စစ်ကောင်စီသည် အဓိက ပဋိပက္ခမိတ်ဖက်သာဖြစ်ပြီး အသွင်ကူးပြောင်းရေးအာဏာပိုင် မဟုတ်သည့်အတွက် အသွင်ကူးပြောင်းရေးကာလတွင် သက်ဆိုင်သူအားလုံး သဘောတူညီထားသည့် စစ်မှန်သော အသွင်ကူးပြောင်းရေးဆိုင်ရာ အာဏာပိုင်တစ်ရပ် လိုအပ်ကြောင်း အထက်ပါအဆင့်များကို အကောင်အထည်ဖော်ပြီးမှသာ ရွေးကောက်ပွဲအသစ် ကျင်းပနိုင်မည်ဆိုသည့် အချက်များလည်း ချမှတ်ထားသည်။

    NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေသည့် စစ်တပ်၏ လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းမပြုလုပ်ကြဖို့လည်း ABSDF၊ CNF နှင့် KNU တို့က တိုက်တွန်းထားသည်။

    တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်အဖွဲ့ ၁၀ ဖွဲ့တို့က လက်မှတ်ရေးထားခဲ့ကြပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က NCA ကို ဆက်လက်ဆွေးနွေးခြင်းမပြုပဲ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks