Tuesday, March 17, 2026
More
    spot_img
    Homeသတင်းရေဖြူနှင့် လောင်းလုံမြို့နယ်အစပ်ဘက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

    ရေဖြူနှင့် လောင်းလုံမြို့နယ်အစပ်ဘက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူနှင့် လောင်းလုံမြို့နယ်အစပ်ရှိ ကျေးရွာများထဲ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခု ဝင်ရောက်လာပြီး နေအိမ်မီးရှို့မှုလည်း ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရေဖြူမြို့အနောက်ဘက်ကမ်းသို့ စစ်ကြောင်းထိုးဝင်ရောင်လာသည့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာလ ၁၁ ရက်နေ့က ပု‌ဂေါဇွန်းရွာနှင့် ရလိုင်ရွာရှိ နေအိမ်အချို့နှင့် စေ◌ျးဆိုင်အချို့တို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    “ရွာထဲကို လက်နက်ကြီးပစ်ပြီးတော့ ဝင်လာတာ။ (အောက်တိုဘာ ၉ ရက်) ညနေ ၆ နာရီခွဲကျော်ကျော်လောက်မှာ၊ ပုဂေါဇွန်းမှာ နေအိမ် ၃ လုံး၊ ရလိုင်ဘက်မှာတော့ ဖုန်းဆိုင် ၁ ဆိုင်နဲ့ ဆီဆိုင် ၁ ဆိုင် မီးရှို့လိုက်တယ်” ဟု ရေဖြူမြို့ခံတစ်ဦးက ပြောသည်။

    နောက်ထပ် စစ်ကြောင်းတစ်ခုက လောင်းလုံးမြို့နယ်အတွင်းရှိ မြို့ဟောင်းကျေးရွာ အုပ်စုထဲသို့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်က ဝင်ရောက်လာကြောင်း စစ်ကြောင်းနှစ်ခုသည် အင်အား ၆၀ ခန့်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

    ရေဖြူမြို့အနောက်ဘက်ကမ်းတွင် ဝင်ရောက်လာသည့် စစ်ကြောင်းက လမ်းတလျှောက်တွေ့သည့် ဒေသခံတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသလို လောင်းလုံးဘက်က ဝင်လာသည့်စစ်ကြောင်းလည်း လမ်းတလျှောက် ဒေသခံဆယ်ဦးကျော်ကို ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

    “ခမောင်းတောင်(လောင်းလုံး)ဘက်ကလာတဲ့ စစ်ကြောင်းက လူတွေကို ဖမ်းလိုက်၊ လွှတ်လိုက်လုပ်နေတယ်။ ကျနော်တို့ ရှောင်လာတယ်။ အတွေ့ခံလို့မရဘူး အကုန်ဖမ်းတယ်” ဟု မြို့ဟောင်းကျေးရွာအုပ်စုမှ တိမ်းရှောင်လာသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    စစ်ကြောင်းက ဖမ်းဆီးသွားသူအရေအတွက်အတိအကျမသိရသေးသော်လည်း ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးလည်း ပါဝင်နေကြောင်း ပြောသည်။

    စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ပုဂေါဇွန်းရွာနှင့် ရလိုင်ရွာတို့မှ ဒေသခံများအပြင် နဘုလယ်ရေနက်ဆိပ်ကမ်းဒေသရှိ ဧကနိ၊ ဝစွမ်းတော၊ ခမောက်ချောင်း၊ ဝက်ချောင်း အစရှိသည့် ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    “စစ်ကြောင်းထိုးတာက ပုဂေါဇွန်း၊ ရလိုင် ဘက်ဆိုပေမဲ့ အနီးနားမှာရှိတဲ့ ဧကနိ၊ ဝစွမ်းတော၊ ခမောက်ချောင်း ၊ ဝက်ချောင်း အဲ့ရွာက လူတွေက နဘုလယ် နှင့် သစ်တိုထောင် ရွာတွေဘက်တိမ်းရှောင်ကြတာ” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွင် ရေဖြူမြို့နယ်နှင့် လောင်းလုံမြို့နယ်အတွင်းက ကျေးရွာ ၆ ရွာထက်မနည်းက ဒေသခံထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks