spot_img
Monday, January 26, 2026
More
    spot_img
    Homeသတင်းပဲခူးတွင် ရေပြန်ကျနေသော်လည်း အနိမ့်ပိုင်းနေရာတို့တွင် ရေဆက်ကြီးနေဆဲ

    ပဲခူးတွင် ရေပြန်ကျနေသော်လည်း အနိမ့်ပိုင်းနေရာတို့တွင် ရေဆက်ကြီးနေဆဲ

    -

    တမြို့လုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းကစပြီး ရေပြန်နေကျနေပြီးဟု မြို့ခံနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

    ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်လာတာသည့်အပြင် ဇောင်းတူဆည် စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေများလွှတ်ချနေသည့်အတွက် အောက်တိုဘာလ ၈ ရက်နေ့မှစကာ ပဲခူးမြို့ပေါ်ရှိ ရက်ကွက် ၁၁ ခုနှင့် ကျးရွာ ၆ ရွာတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်။

    ရေကြီးရေလျှံမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်း ၃၀ ခုထက်မနည်း ဖွင့်လှစ်ထားရပြီး ရေဘေးသင့်ပြည်သူ ၁၃၀၀၀ ခန့် အရေးပေါ်ပြောင်းရွှေ့ထားရသည်။

    ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့တွင် မိုးရွာသွန်းမှုမရှိသလို ရေလည်း တစ်ပေခန့် ပြန်ကျသွားကြောင်း သို့သော် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ပဲခူးမြို့ခံ လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ရေပြန်ကျနေပြီး၊ မနေ့ကတည်းက ရေကလျော့တယ်။ ဒီနေ့ မနက်မှာတော့ တစ်ပေလောက် ကျသွားတယ်။ ဒါပေမယ့် သေးဘူး။ အနိမ့်ပိုင်းဘက်မှာတော့ ရေက မကျသေးဘူး” ဟု ၎င်းက ဆိုသည်။

    ရေပြန်လည်ကျသွားသည့်အတွက် သုံးရက်ကြာ ပိတ်ထားရသည့် ပဲခူးမြို့ဈေးလည်း ယနေ့ နံနက်ပိုင်းတွင် ဈေးပြန်လည်ဖွင့်လှစ်ရောင်းချနေကြောင်း သိရသည်။

    “အမြင့်ပိုင်းတွေတော့ ရေမရှိတော့ဘူး။ ဘုရားလမ်း၊ အုန်းပင်တန်း၊ နာရီစင်၊ အမှတ် (၃) ကျောင်း၊ ကျောက်တွင်းကုန်း၊ ကလိ၊ ဘုရားကြီးလမ်းတွေမှာ ရေမရှိတော့ဘူး။ ကားတွေ ဆိုင်ကယ်တွေ သွားလာလို့ရနေပါပြီး။ အနိမ့်ပိုင်း ရပ်ကွက်တွေတော့ ရေတော်တော်ကြီးနေပါသေးတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

    ရေများ ပြန်လည်ကျဆင်း‌နေပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အကူအညီများလိုအပ်လျက်ရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts