spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းပေါင်နှင့် ဘီးလင်း ဒေသခံ ၅ ဦး ဖမ်းခံရပြီး ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရ

    ပေါင်နှင့် ဘီးလင်း ဒေသခံ ၅ ဦး ဖမ်းခံရပြီး ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ဒေသခံ ၄ ဦးနှင့် ဘီးလင်းမြို့နယ်အတွင်း တစ်ဦးတို့ကို နိုင်ငံရေးလှုံ့ဆော်စာ ဖြန့်ဝေသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

    ဖမ်းဆီးအမှုဖွင့်ခံရသူများသည် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှ အသက် ၂၀ နှစ်အရွယ် စောရာဇာမင်း၊ အသက် ၂၂ နှစ်ရှိ အောင်မင်းထွေး၊ အသက် ၃၃ နှစ်ရှိ ချစ်သူပိုင်၊ ကျွဲခြံကျေးရွာမှ အသက် ၂၂ နှစ်ရှိ မအေးနီးနီအောင်နှင့် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာမှ အသက် ၂၅ နှစ်ရှိ မင်းထွန်းမြတ်အောင်တို့ဖြစ်သည်။

    ဖမ်းခံရသူများသည် ဆူပူဆန္ဒပြမှုတွင် အကြိမ်ကြိမ်ပါဝင်ခဲ့ခြင်း၊ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်စေမည့် စာသားများ ရေးသားဖြန့်ဝေခဲ့ခြင်းကြောင့် စက်တင်ဘာလ ၄ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရခြင်းဖြစ်သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    “ပေါင်မှာ ဖမ်းခံရတာတွေက ခဏခဏပဲ။ ဒီတလောမှာ ဖမ်းခံရသူတွေများတယ်။ ပြန်လွတ်လာသူတွေလည်း ရှိတယ်။ အမှုဖွင့်ခံရတာလည်းရှိတယ်။ သိရသလောက်က အမှုဖွင့်ထားတာက ၁၀ ယောက်လောက်ရှိသွားပြီး” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။

    ပေါင်မြို့နယ်အတွင်း ရဲတပ်သားတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဥ◌် ရဲစခန်း၊ ဌာနဆိုင်ရာရုံး တိုက်ခိုက်ခံရသည့်ဖြစ်စဥ◌်ဖြစ်ပြီးနောက် စက်တင်ဘာလပထမအပတ်အတွင်းက ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့သည်။

    အဆိုပါ ဖမ်းဆီးခံရသူများအနက်မှ ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်၊ ကိုဖိုးချို၊ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က)၊ ၅၀ (ည) တို့ဖြင့် အမှုဖွင့်ခံထားရသည်။

    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားဖြစ်စေရန် လှုံ့ဆော်ဝါဒဖြန့်တာ၊ ထပ်ဆင့်ဝေမျှသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ၅၀၅-က အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ကလည်း သံဖြူဇရပ်မြို့ရှိ ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်မှ ဆိုင်ပိုင်ရှင်အမျိုးသားနှင့် ဆိုင်အလုပ်သမားအမျိုးသား ၂ ဦးတို့ကို လူမှုကွန်ယက်စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်သည့်စာသားများ ဖြန့်ဝေခဲ့သည်ဟုဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ရာဇသတ်ကြီး ဥပဒေပုဒ် – ၅၀၅ (က) ဖြင့် သံဖြူဇရပ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks