Sunday, March 8, 2026
More
    spot_img
    Homeသတင်းကျောင်းနေအရွယ်ကလေးများ ပညာဆက်သင်ရန် စိန်ခေါ်မှုပေါင်းစုံ ကြုံတွေ့နေရ

    ကျောင်းနေအရွယ်ကလေးများ ပညာဆက်သင်ရန် စိန်ခေါ်မှုပေါင်းစုံ ကြုံတွေ့နေရ

    -

    မြန်မာနိုင်ငံတောင်ပိုင်းတွင် တိုက်ပွဲကာလ ရှည်ကြာလာသည်နှင့်အမျှ ကျောင်းနေအရွယ်ကလေးများ ပညာဆက်လက်သင်ရန် စိန်ခေါ်မှုပေါင်းစုံကြုံတွေ့နေရသည်ဟု လူ့အခွင့်အရေးအဖွဲ့နှင့် နိုင်ငံရေးသုတေသနအဖွဲ့တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

    မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သည့် စီဒီအမ်အပါဝင် ပျမ်းမျှအထက်တန်းကျောင်းသား ၆ သိန်းကျော်သည်။

    ပညာရေးနှင့် လုံးဝအဆက်အသွယ်ပြတ်သွားနိုင်သည့်သဘောရှိသည်ဟု ရာမည အင်စတီကျု နိုင်ငံရေး သုတေသန (Rehmonnya Instititute For Civic Enganement-RICE) မှ မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွာ‌‌ရေး လစဉ်သုံးသပ်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီတပ်များ စာသင်ကျောင်းတွင် ဝင်ရောက်တပ်စွဲခြင်း၊ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများတွင် ကျောင်းနေအရွယ် ကလေးပါဝင်မှု များပြားပြီး ၎င်းတို့အတွက် ပညာဆက်လက်သင်ယူခွင့် ဆုံးရှုံးလျက်ရှိသည်။

    အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင် အများဆုံး ဖြစ်ပေါ်နေသည်ဟု ရာမညအင်စတီကျု နိုင်ငံရေးသုတေသန၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီတပ်တို့သည် စာသင်ကျောင်းများတွင် ဝင်ရောက်တပ်ဆွဲနေသည့်အပြင် တိုင်းရင်းသားလူနည်းစုများ အကြောက်တရားတိုးပွားလာစေရန် စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒာဆူးက ပြောသည်။

    ၎င်းက “စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပညာရေးဆိုင်ရာ အဆောက်အဦးတွေ ပျက်စီးသွားတယ်ပေါ့နော်။ ထို့နည်းအတူပဲ ကလေးသူငယ်၊ ကျောင်းသူ၊ ကျောင်းသားတွေက စစ်ဘေးရှောင်နေရတဲ့အထဲမှာမှ သူတို့ရဲ့ပညာရေး အခွင့်လမ်းက ဆုံးရှံးသွားတယ်ပေါ့။ ပြီးတော့ ထိုးစစ်နဲ့ခံစစ် ကြားမှ ရမ်းသမ်းပစ်ခတ်မှုကြောင့်ရယ်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသလိုမျိုး ကလေးတွေရဲ့အသက်ဆုံးရှံးမှုတွေလည်းရှိတယ်” ဟု ဆိုသည်။

    ယင်းအခြေအနေတွင် ကလေးများ ပညာဆက်လက်သင်ယူနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားအဖွဲ့အစည်းများက ကိုယ်ထူကိုယ်ထဖြင့် ကျောင်းများဖွင့်ထားသော်လည်း ကျောင်းအများစုတွင် သင်ထောက်ကူပစ္စည်း ပြည့်စုံမှုမရှိခြင်း၊ ဆရာ/ဆရာမ မပြည့်စုံခြင်း အစရှိသည့်လိုအပ်ချက်များရှိနေပြီး စိန်ခေါ်မှုပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စာသင်ကျောင်းများ တိုက်ခိုက်ခံရမှု ၂၄ ကြိမ်ထက်မနည်းရှိခဲ့ပြီး စာသင်ကျောင်းအဆောက်အဦး ၃၇ ကျောင်း လုံးဝပျက်စီးခဲ့သည့်အပြင် နောက်ထပ်ပျက်စီးမှုများလည်း ရှိသေးကြောင်း KHRG က ထုတ်ပြန်ထားသည်။

    မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ဆက်စပ်ပြီး ကလေးငယ်ပေါင်း ၁၇ သန်းခန့် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြာင်း Education Cannot Wait အဖွဲ့က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks