spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းရော်ဘာရာသီအစတွင် ရော်ဘာတစ်ပေါင် ကျပ် ၁၈၀၀ အထိ ဈေးကောင်းရနေ

    ရော်ဘာရာသီအစတွင် ရော်ဘာတစ်ပေါင် ကျပ် ၁၈၀၀ အထိ ဈေးကောင်းရနေ

    -

    ရော်ဘာရာသီအစတွင် မွန်ပြည်နယ်ရော်ဘာဈေးကွက်အတွင်း ရော်ဘာတစ်ပေါင် ကျပ် ၁၈၀၀ အထိ ဈေးရနေကြောင်း ရော်ဘာလုပ်ငန်းလုပ်ကိုင်နေသူတို့ထံမှ သိရသည်။

    ဈေးကွက်တွင် အဆင့်မြင့်ရော်ဘာ RSS 1 တစ်ပေါင် ၁၇၀၀ နှင့် ၁၈၀၀ ကျပ်ကြား ပေါက်ဈေးရှိနေပြီး၊ local 3 မှိုင်းခံပြား တစ်ပေါင် ၁၇၂၀ ကျပ်ဝန်းကျင်နှင့်၊ local 3 နေလှန်းပြားတစ်ပေါင်လျှင် ၁၇၀၀ ဝန်းကျပ်အထိ ပေါက်ဈေးရှိနေကြောင်း ရော်ဘာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    “အခုအချိန်က ရော်ဘာစဖွင့်တဲ့အချိန် ရော်ဘာအထွက်နည်းသေးတယ်ဆိုတော့ဈေးကပုံသေပြောလို့မရသေးဘူး။ ဈေးကလည်းမငြိမ်နေဘူး။ နောက်လလောက်ရောက်မှ ဈေးက အတည်ပြောလို့ရမယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့လေ မနှစ်ကထက်စာရင် ဒီနှစ် ဈေးပိုကောင်းတာပေါ့လေ” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့်နှစ် ရော်ဘာရာသီအစမှာတော့ ရော်ဘာတစ်ပေါင် ကျပ် ၁၄၀၀ ကျပ်ဝန်းကျင်အထိသာ ‌ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

    ရော်ဘာဈေးကောင်းရနေသည့်အတွက် ရော်ဘာလုပ်ငန်းရှင်များ ရော်ဘာအစေးထုတ်လုပ်နိုင်ရန် ပြင်ဆင်နေကြသော်လည်း ပဋိပက္ခကြောင့် လုပ်ငန်းစတင်လုပ်ကိုင်နိုင်ရန် အခက်အခဲကြုံတွေ့နေရသည်လည်းရှိသည်။

    ၎င်းပြင် ရော်ဘာလုပ်သားရှားပါးမှုကြောင့်လည်း ရော်ဘာလုပ်ငန်းစတင်လုပ်ကိုင်နိုင်ရန် ရော်ဘာလုပ်ငန်းရှင်များ အခက်အခဲရင်ဆိုင်ကြုံတွေ့နေရသည်ဟု ရော်ဘာလုပ်ငန်းရှင်တို့က ပြောသည်။

    မွန်ပြည်နယ်တွင် ရော်ဘာကိုအဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ၅ သိန်းကျော်ရှိသည်ဟု သိရသည်။

    မွန်ပြည်နယ်မှ ထွက်သည့် ရော်ဘာများကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသည်ဟု ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks