spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

    စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ (၉၇) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

    စစ်ကောင်စီ ခလရ (၉၇) တပ်ရင်းမှ အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်ခန့်က အံဖကြီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးသည် အံဖကြီးကျေးရွာအတွင်းရှိအသက် ၅၆ နှစ်အရွယ် ဒေါ်မယ်တင်အေး၊ အသက် ၅၅ နှစ်အရွယ် မောင်မြအေးနှင့် အသက် ၆၀ နှစ်အရွယ် မောင်သိန်းတင်တို့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

    လက်နက်ကြီး ကျကွဲမှုကြောင့် ဒေါ်မယ်တင်အေးသည် ကျည်စထိမှန်ဒဏ်ရာရရှိသွားခဲ့သလို ၎င်းတို့နေအိမ်သုံးလုံးလည်း ပျက်စီးသွားခဲ့သည်။

    ကေအဲန်ယူ – ဒူးပလာယာခရိုင် တပ်မဟာ (၆) အတွင်း လှုပ်ရှားနေသော စစ်ကောင်စီတပ်များသည် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက်ခြင်း၊ နေအိမ်များအား ဝင်ရောက်မွှေနှောက် ဖျက်ဆီးခြင်း၊ ပစ္စည်းများယူဆောင်သွားခြင်းအပြင် လူနေကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည်ဟု ကေအဲန်ယူက ဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks