spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတွေ့ရှိ

    ရေးမြို့နယ်တွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတွေ့ရှိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စု၊ မွေးမြူရေးဇုန်အနီးရှိ ရော်ဘာခြံအတွင်း အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဒဏ်ရာဖြင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    အဆိုပါ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းသည် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေကြောင်းနှင့် မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလည်း ဆိုသည်။

    ဒေသခံတစ်ဦးက “ဒီနေ့ (အောက်တိုဘာ ၃) မနက်က ၇ နာရီလောက် ရော်ဘာခြံသွားတဲ့သူတွေက တွေ့လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားပေးခဲ့ကြတယ်” ဟု ပြောသည်။

    ထိုပိုင်ရှင်မဲ့ အမျိုးသားရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တို့မှ ရေးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks