spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းစစ်တပ်ကဖမ်းဆီးပြီး ပြန်လွတ်လာသူအချို့ စိတ်ပိုင်းဆိုင်ရာ ခံစားနေရဟုဆို

    စစ်တပ်ကဖမ်းဆီးပြီး ပြန်လွတ်လာသူအချို့ စိတ်ပိုင်းဆိုင်ရာ ခံစားနေရဟုဆို

    -

    စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပြန်လည်လွတ်မြောက်လာသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက ဒေသခံအရပ်သားအချို့ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုများရှိနေပြီး ဆေးကုသမှုခံယူနေရကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

    ရေးမြို့နယ်၊ မော့ကနင်အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၈၈) တပ်ရင်းမှ ဒေသခံအရပ်သားပြည်သူများကို မတရားဖမ်းဆီးပြီး ပြန်လွတ်ရန် ငွေကြေးအဆမတန်တောင်းခံမှုများလည်း ရှိနေသည်ဟု ဆိုသည်။

    ဖမ်းဆီးခံရသူများအနက် ငွေပေးနိုင်သူတို့က ညှင်းပန်းနှိပ်စက်ခံရမှုမရှိသော်လည်း ငွေမပေးနိုင်သူအချို့တို့က ညှင်းပန်းနှိပ်စက်ခံရပြီးမှ ပြန်လွတ်လာကြောင်း အချို့ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ ခံစားရနေရပြီး ဆေးကုသမှု ခံယူနေရသည်ဟု ပြန်လွတ်လာသူတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

    “သူတို့ (စစ်ကောင်စီတပ်) ဖမ်းသွားတဲ့အချိန်မှာ ရိုက်နှက်ခဲ့တာတွေကြောင့် အခု ပြန်လွတ်လာတဲ့ တစ်ယောက်ကဆို ပုံမှန်မဖြစ်နေတော့ဘူး။ အခုဆို သူ့ကို အပြင်က ဆရာဝန်တွေခေါ်ပြီး ဓာတ်မှန်ရိုက်တာတို့၊ ဘာတို့၊ လုပ်နေရတယ်။ ကုန်နေတာကလည်း မနည်းဘူး။ ညပိုင်းဆို သူက မအိပ်တော့ဘူး။ လျှောက်သွား လျှောက်လာ လုပ်နေတယ်။ သူ့စိတ်က ပုံမှန်မဟုတ်နေတော့ဘူး။ ဘယ်လို ရိုက်နှက်ခံထားရလဲတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။

    ဖမ်းဆီးခံရသူအများစုသည် ခြံလုပ်သားများဖြစ်ပြီး ပြန်လွတ်ရန်အတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်းမှ သိန်း ၄၀ အထိ ပေးဆောင်နေရကြောင်း အချို့ကိုလည်း လူသားဒိုင်အဖြစ်အသုံးပြုရန် ဖမ်းဆီးခံရမှုလည်းရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဖမ်းဆီးခံရပြီး ပြန်လွတ်ရန် ငွေပေးနေရသည့်အတွက် ဒေသခံများအကြား စိုးရိမ်ပူပန်းမှုများဖြစ်ပေါ်နေသည်ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

    “တစ်ယောက် ၁၀ သိန်းဆိုပြီးတောင်းတယ်။ အချို့ သိန်း ၄၀ တောင်းတာလဲရှိတယ်။ အဲလိုဆို မပေးနိုင်လို့ ညှိနှိုင်းလိုက်ရင် နည်းနည်းလျှော့ပေးတာပေါ့။ အများစုက ခြံမှာ အလုပ်လုပ်ရင်း အဖမ်းခံရတာများတယ်” ဟု ၎င်းရေးမြို့ခံက ပြောသည်။

    ပြန်လွတ်လာသူတို့၏ ပြောဆိုချက်အရ ဖမ်းဆီးခံရပြီး ငွေပေးရသည့်ကိစ္စကို လူမှုကွန်ယက်စာမျက်နှာ (Facebook) တွင် မတင်ရန်နှင့် သတင်းမဖြန့်ရန် စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားကြောင်းလည်း ဆိုသည်။

    စစ်အုပ်ချုပ်ရေးကြေညာထားသည့်ရေးမြို့နယ်တွင် စစ်ကောင်စီတပ်တို့က အရပ်သားဒေသခံများကို မတရားဖမ်းဆီးပြီး ငွေညှစ်တောင်းခံနေသည့်အပြင် ပစ်ခတ်ဖမ်းဆီးတာ၊ တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ဆက်စပ်သည်ဆိုပြီး ဖမ်းဆီးအမှုဖွင့်တာတွေလည်း ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့အကြာ စစ်ရေးပြင်းထန်လျက်ရှိသည်။

    May be an image of road and text

    See Insights and Ads

    Boost post

    All reactions:

    1212

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks