Tuesday, March 10, 2026
More
    spot_img
    Homeသတင်းတနသႅာရီမြို့နယ်က စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်နေ

    တနသႅာရီမြို့နယ်က စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်နေ

    -

    စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြိတ်ခရိုင်၊ တနသႅာရီမြို့နယ်တွင် စစ်ဘေးတိမ်းရှောင် နေရသည့် ဒေသခံပြည်သူများအတွက် အရေးပေါ်ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့များထံမှ သိရသည်။

    တနသႅာရီမြို့နယ်တွင် ပြည်သူကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရမ်းဖို၊ ကမ်းတို၊ ဘန်းလမွတ်၊ မော်တုန်း၊ တမုတ်ချုန်း၊ လယ်သစ်၊ ချောင်နှစ်ပေါက်၊ သဲဖြူ၊ ကြိမ်ချောင်းနှင့် တုံးဗျောစသည့်ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ၄၀၀၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။

    “အဓိက စားဝတ်နေရေးနဲ့ ကျန်းမားရေးပေါ့၊ အဲဒီအခက်ခဲကြုံနေရတယ်၊ ဆေးဝါးလည်း အလှု ရှင်မရှိဘူး။ ကျန်းမားရေးဆရာမတွေနဲ့ အကူညီတောင်းထားရတယ်ဆိုတော့ သူတို့ပဲ ကူညီပေး ရတာပေါ့၊ လူဦးရေးကလည်း များတယ်ဆိုတော့ ကျွန်တော်တို့မှာ ဆေးဝါး၊ စားနှပ်ရိက္ခာနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက်မရှိဘူး” ဟု တွဲလက်ညီညီ ကူညီရေးအဖွဲ့မှ ဦးကိုဖြိုးက ပြောသည်။

    လက်ရှိမိုးရာသီတွင် ရာသီပေါ် ရောဂါတွေဖြစ်သည့် ငှက်ဖျား၊ တုပ်ကွေး၊ သွေးတိုးနဲ့ ဝမ်းရောဂါများကို စစ်ဘေးရှောင်သူ (၂၀၀) နီးပါး ဖြစ်ပွားနေပြီး ချောင်းဆိုးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးနှင့် ဓါတ်ဆားစသည့် ဆေးဝါးများ အဓိက လိုအပ်နေကြောင်း ကူညီပေးသူများက ပြောသည်။

    “အဓိက တုပ်ကွေးအဖြစ်များတယ်၊ သွေးတိုးတွေက အဖြစ်နည်းတယ်၊ ဝမ်းပျက်ဝမ်းလျှောက နေရာတိုင်းမှာ မဖြစ်ဘူး၊ ရေနည်းနည်းခက်ခဲတဲ့နေရာမှာဆို ဖြစ်တယ်၊ တုပ်ကွေးက (၁၀) ကျော်သက်ကလေးတွေ အဖြစ်များတယ်” ဟု ဦးကိုဖြိုးက ဆက်ပြောသည်။

    ထို့အပြင် တနသႅာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ (၅၅၆) တပ်ရင်း၏ စစ်ဆေးရေးဂိတ်တွင် ဆန်၊ ဆီ၊ ဆေးဝါးများ သယ်ယူခွင့်ကို သြဂုတ်လ ၂ ရက်နေ့က ကန့်သတ်၊ ပိတ်ပင်လိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနှပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ဆောင်ရာတွင် အခက်အခဲရှိနေတယ်လို့ ဒေါနတနသႅာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ ယောနသံက ပြောသည်။

    “လက်ရှိ စစ်ကောင်စီဘက်က ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အကန့်အသတ်နဲ့ သယ်ခွင့်ပေးတော့ ကျွန်တော်တို့မှာ အခက်အခဲရှိသွားတယ်၊ ကျွန်တော်တို့ဘက်က စစ်ဘေးရှောင်တွေလည်း တစ်နေ့ထက် တစ်နေ့ပိုများလာတယ်၊ အဲတာကြောင့် ကျွန်တော်တို့မှာ လိုအပ်မှုတွေရှိနေတယ်” ဟု ယောနသံက ပြောသည်။

    ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ ထုတ်ပြန်ထားသည့်စာရင်းအရ တနင်္သာရီဒေသကြီးတွင် စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲများကြောင့် ဇူလိုင်လအတွင်းမှာ စစ်ဘေးရှောင် ၃၀၀၀၀ ကျော်ရှိခဲ့ရာမှ သြဂုတ်လတွင် စစ်ဘေးရှောင် ၃၅,၀၀၀ ကျော်‌ တိုးလာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks