spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

    ပေါင်မြို့နယ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အရန်မီးသတ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

    ရင်းငြိမ်တောင်ကျေးရွာ တောင်ပေါ်တန်းပိုင်းနေ အသက် ၆၈ နှစ်အရွယ် ဦးကျားကြီးသည် ၎င်းနေအိမ်တွင် တည်ရှိနေစဥ် ဆိုင်ကယ်ဖြင့် လူနှစ်ဦးရောက်ရှိလာပြီး၊ တစ်ဦးမှာ ဆိုင်ကယ်ပေါ်တွင် အသင့်စောင်နေကာ၊ ကျန်တစ်ဦးမှာ ဦးကျားကြီးအား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။  

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကျားကြီးသည် ညာဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာရရှိပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “သေနတ်ပစ်ခတ်ခံရတဲ့ ဦးကျားကြီးက အသက်အန္တရာယ်တော့ မရှိဘူးလို့ သိရတယ်” ဟု ရင်းငြိမ်ဒေသခံတစ်ဦးက ပြောသည်။

    ဦးကျားကြီးသည် ရင်းငြိမ်တောင်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့်အပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်ကြောင်း လက်ရှိတွင် ကျောင်းတက်၊ ကျောင်းဆင်းချိန် ကျောင်းသား/သူများ ယာဥ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းရှင်းလင်းပေးနေသူတစ်ဦးအဖြစ် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

    ဦးကျားကြီးကို မည်သူက မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    စက်တင်ဘာလ ၇ ရက်နေ့က ပေါင်မြို့နယ်၊ ရင်းငြိမ်ရဲကင်းစခန်း ရှော့တိုက်မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

    ပေါင်မြို့နယ်အတွင်း၌ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ စစ်ကောင်စီနှင့် နီးစပ်သူများ၊ စစ်ကောင်စီသတင်းပေးဆိုသူများ၊ ပြည်သူ့စစ် ပစ်သတ်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks