spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းထိုင်းဘတ်ငွေစျေးကျလို့ ဆိုင်ကယ်တွေ စျေးပြန်ကျ

    ထိုင်းဘတ်ငွေစျေးကျလို့ ဆိုင်ကယ်တွေ စျေးပြန်ကျ

    -

    ထိုင်းဘတ်ငွေစျေးပြန်ကျလာပြီးနောက် မွန်ပြည်နယ်စျေးကွက်အတွင်း လိုင်စင်မပါသည့် (Without) ဆိုင်ကယ် များ စျေးပြန်ကျလာသည်ဟု ဆိုင်ကယ်ရောင်းဝယ်သူတို့ထံမှ သိရသည်။

    စစ်ကောင်စီ ကျပ်နှစ်သောင်းတန်ငွေစက္ကူဂယက်ကြောင့် သြဂုတ်လအတွင်းက မြန်မာငွေ ကျပ် ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၉၅၀ အထိဖြစ်သွားချိန်တွင် ထိုင်းနယ်စပ်မှ တင်သွင်းသည့် လိုင်စင်မပါ (Without) ဆိုင်ကယ် အိုင်ကြီးတစ်စီး သိန်း ၆၀ ကျော်၊ click 160 တစ်စီး သိန်း ၇၀ ကျော်၊ PCX တစ်စီး ၇၈ သိန်းကျော် စျေးတက်သွားခဲ့သည်။

    စက်တင်ဘာလ ပထမအပတ်အတွင်းမှာတော့ မြန်မာငွေ ကျပ် ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၁၁၀၀ ကျော်ပြန်ဖြစ်သွားခဲ့ရာ ဆိုင်ကယ်စျေးများလည်း တစ်စီး ၁၀ သိန်းဝန်းကျင် စျေးပြန်ကျသွားခဲ့သည်ဟု မွန်ပြည်နယ် ဆိုင်ကယ်စျေးကွက်အတွင်းမှ သိရသည်။  

    “ငွေစျေးအတက်အကျအပေါ်မူတည်ပြီးတော့ ဆိုင်ကယ်စျေးနှုန်းပြောင်းလဲနေတယ်။ ပုံသေတော့မရှိဘူး ဘတ်စျေး ၁၁၀၀ လောက်ကျတုန်းက ဆိုင်ကယ်စျေးက ၁၀ သိန်းနီးပါးကျတယ်။ ဘတ်စျေးနဲ့ပဲဝယ်ရတော့ စျေးကျရင် ဆိုင်ကယ်လည်းလိုက်ကျတယ်” ဟု မော်လမြိုင်မြို့မှ ဆိုင်ကယ်ရောင်းဝယ်သူတစ်ဦးက ပြောသည်။

    ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာတော့ မြန်မာငွေ ကျပ် ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၁၀၀၀ နှင့် ၁၀၅၀ ကြားပြန်ဖြစ်သွားသည့်အတွက် ဆိုင်ကယ်စျေးတွေလည်း အနည်းငယ်စျေးပြန်တက်သွားသည်ဟု ဆိုသည်။

    အခြားဆိုင်ကယ်ရောင်းဝယ်သူတစ်ဦးကလည်း “without ကတော့ ၅၆ လောက်ပြန်ဖြစ်နေတယ်။ ဟိုတစ်ရက် နှစ်ရက် (စက်တင်ဘာ ၉/၁၀ ရက်နေ့) ကတော့ ၅၂ ဖြစ်တယ်။ အခုက ပြန်တက်လာတယ်။ မငြိမ်ဘူး” ဟု ဆိုသည်။

    ထိုင်းဘတ်ငွေစျေးကျလို့ without ဆိုင်ကယ်များ စျေးကျသော်လည်း လိုင်စင်ပါ ဆိုင်ကယ်များ စျေးပြောင်းလဲမှုမရှိကြောင်း ဆိုင်ကယ်စျေးကွက်အတွင်းမှ သိရသည်။

    “လိုင်စင်နဲ့ကတော့ ကျရင်လည်း နည်းနည်းပဲကျတာ” ဟု အထက်ပါ ဆိုင်ကယ်ရောင်းဝယ်သူတို့က ပြောသည်။

    ဆိုင်ကယ်စျေးတက်ချိန်က ဆိုင်ကယ်အရောင်းအဝယ်ပါးခဲ့ပြီး ယခု ဆိုင်ကယ်စျေးပြန်ကျချိန်တွင် ဆိုင်ကယ်အရောင်းအဝယ်ပြန်ဖြစ်လာသည်ဟုလည်း ဆိုသည်။

    မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ အဓိက တင်သွင်းရောင်းချနေပြီး ဆိုင်ကယ်များကို ထိုင်း-မြန်မာနယ်စပ် မြဝတီလမ်းကြောင်းမှတစ်ဆင့် တင်သွင်းကြသည်။

    စစ်ကောင်စီ ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် ကျပ်ငွေတန်ဖိုးကျပြီး ဆိုင်ကယ်တွေအပြင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် အခြားစားသောက်ကုန်ပစ္စည်းများ အသုံးအဆောင်ပစ္စည်းများ အဆမတန်စျေးတက်သွားခဲ့သည်။

    လက်ရှိ မြန်မာကျပ်ငွေတန်ဖိုး ပြန်တက်လာချိန်တွင် ကုန်စျေးနှုန်းအချို့ စျေးပြန်ကျလာသော်လည်း အခြေခံစားသောက်ကုန်စျေးနှုန်းကတော့ စျေးပြန်ကျလာခြင်းမရှိဘူးလို့ စားသုံးသူတို့ထံမှ သိရသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks