spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းလက်နက်ကြီးကျည်ကျကွဲမှုကြောင့် ကျောင်းရွာဒေသခံ ၇ ဦး ဒဏ်ရာရ

    လက်နက်ကြီးကျည်ကျကွဲမှုကြောင့် ကျောင်းရွာဒေသခံ ၇ ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသမီး ၆ ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲနှင့် ရွာအပြင်ဘက်တွင် လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

    “မနေ့ (စက်တင်ဘာ ၁၂) ညနေက ရွာထဲမှာ လက်နက်ကြီး ၃ လုံး ကျလာတယ်။ စာသင်ကျောင်းမှာ တစ်လုံး ကျတယ်။ ရွာလယ်လမ်းမတန်း ဆေးရောင်းတဲ့ဆိုင်နားမှာ တစ်လုံးကျတယ်။ အုန်းတောဘက်ခြမ်းမှာရှိတဲ့ ဈေးထဲမှာ တစ်လုံးကျတယ်” ဟု ကျောင်းရွာဒေသခံတစ်ဦးက IMNA သို့ ပြောသည်။

    လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၀ အရွယ် မချမ်းအပါအဝင် အမျိုးသမီး ၆ ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ကျည်ထိမှန်ဒဏ်ရာရ အမျိုးသမီးတစ်ဦးက “အချို့အလုပ်လုပ်နေသူတွေက လက်နက်ကြီးအပိုင်းအစ လွင့်လာတော့ ထိသွားတယ်။ ကျမအပါအဝင် လူ ၇ ယောက်ထိသွားတယ်။ လက်နက်ကြီးက ကျမတို့အိမ်ရှေ့တည့်တည့် ကျလာတော့ ဈေးဆိုင်ဆိုတော့ ပျက်စီးဆုံးရှုံးသွားတာများတယ်။ ခေါင်းနည်းနည်းထိသွားတယ်” ဟု IMNA သို့ ပြောသည်။

    လက်နက်ကြီးကျည်တစ်လုံးသည် ကျောင်းရွာ အထက (၂) စာသင်ကျောင်း အနောက်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းရှိ ဆရာ၊ ဆရာများ ကျောင်းသား ကျောင်းသူများ ထိန့်လန့်မှုဖြစ်ပွားခဲ့ရသည်ဟု သိရသည်။

    ကျည်စထိမှန်ဒဏ်ရာရသူများအနက်မှ မချမ်းဆိုသည့်အမျိုးသမီးကို ရေးမြို့ဆေးရုံးတွင် ဆေးကုသမှုခံယူနေရပြီး ကျန်သူများသည် ကျောင်းရွာဆေးရုံဆေးတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်။

    ကျောင်းရွာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ လက်ချက်ဟု စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်တို့တွင် ရေးသားထားသော်လည်း လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က လာရောက် စစ်ဆေးခြင်းမရှိဘဲ ဒေသခံတို့အတွက် လုံးခြုံရေးအကာကွယ်ကင်းမဲ့နေကြောင်း သိရသည်။

    စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့်လည်း အရပ်သားထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks