spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့နယ်အတွင်းက လောင်းကစားဝိုင်းအချို့ကို စစ်ကောင်စီ အဖမ်းပြနေ

    မုဒုံမြို့နယ်အတွင်းက လောင်းကစားဝိုင်းအချို့ကို စစ်ကောင်စီ အဖမ်းပြနေ

    -

    မွန်ပြည်နယ်အတွင်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနေသည့် လောင်းကစားဝိုင်းအချို့ကို စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့တို့က အဖမ်းပြနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းတစ်ခုကို စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်းအဖွဲ့တို့က အင်းအားဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

    မြို့ခံတို့၏ အဆိုအရ အဆိုပါလောင်းကစားဝိုင်းကို ၂၀၂၃ ခုနှစ်ဆန်းပိုင်းကတည်းက တရားဝင်သဖွယ် ဖွင့်လှစ်လာခဲ့ပြီး မဖမ်းခင်ရက်ပိုင်းအလိုတွင် ပိတ်ထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဖမ်းပြသည့်သဘောသာ ဖြစ်သည်ဟု ကမာဝက်မြို့ခံတစ်ဉီးက ပြောသည်။

    “သူတို့ လာမဖမ်းခင်ကတည်းက အဲ့လောင်းကစားဝိုင်းကို နားထားတာ။ လာဖမ်းကြတော့ ဘာမှလည်းမရှိတော့ဘူး။ ဘယ်သူမှမရှိတော့ ဘာမှလည်း မရသွားဘူး။ သူတို့နဲ့ သူတို့ပဲဆိုတော့ အဖမ်းပြတာလောက်ပဲလေ” ဟု ၎င်းက ပြောသည်။

    ကမာဝက်မြို့အပါအဝင် မုဒုံမြို့နယ်အတွင်းက လောင်းကစားဝိုင်းများကို ပြည်သူ့စစ်တို့က ဖွင့်လှစ်ထားကြောင်း စစ်တပ်၊ ရဲနှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့ကို လိုင်းကြေးပေးပြီး ဖွင့်လှစ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    လောင်းကစားဝိုင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာကြောင်း လောင်းကစားဝိုင်းကြောင့် ခိုက်ရန်ဖြစ်ပွားမှုများ၊ ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများလည်း များလာကြောင်း မုဒုံဒေသခံတစ်ဦးက ပြောသည်။

    “အခြေအနေတော်တော်ဆိုးလာတယ်။ ဓားတွေ ပေါက်စိန်တွေကအစ ၁၀ အတိုးနဲ့ ပေါင်ကြတာ။ လုယက်မှုတွေလည်း များလာတယ်။ ဈေးသွားရင်း ပိုက်ဆံအိတ်ညှပ်သွားတာတောင် အလုခံရတယ်။ ဆိုင်ကယ်ဆိုရင်လည်း စီးသွားရင်း ကန်ထည့်ပြီး ဆိုင်ကယ်လုတာ။ အဲ့လိုတွေပေါ့” ဟု ၎င်းက ပြောသည်။

    ကမာဝက်မြို့အပါအဝင် မုဒုံမြို့နယ်တွင်း၌ တရားဝင်သဖွယ် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်း ၁၅ ခုထက်မနည်းရှိနေကြောင်း သိရသည်။

    သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် ISP- Myanmar ၏ စစ်တမ်းကောက်ယူထားချက်အရ မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၁၀ အနက် ၁၀၅ မြို့နယ် (၉၅) ရာခိုင်နှုန်းသည် နှစ်လုံးထီ၊ သုံးလုံးထီသာမက စီးပွားဖြစ် ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်း အစရှိသော လောင်းကစားလုပ်ငန်းများ တွင်တွင်ကျယ်ယ် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

    စစ်အာဏာသိမ်းမှုအလွန် ဖြစ်လာသည့်ဆုတ်ယုတ်မှုများထဲတွင် နိုင်ငံအနှံ့လောင်းကစားနွံထဲ နစ်မွန်းကြသူ များလာနေပြီး လောင်းကစားဘက်ကို လူများလှည့်လာကြခြင်းသည် စားဝတ်နေရေး ကျပ်တည်းမှုကတစ်ကြောင်း ပုံမှန်အလုပ်ဖြစ်နိုင်သည့် စီးပွားရေးဝန်းကျင်၊ အလုပ်အကိုင်ရှားပါးသည်လည်း တစ်ခုပါနိုင်သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks