spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပုလောတွင် စစ်တပ် လက်နက်ကြီးကျည်ထိမှန်ပြီး လူငယ်တစ်ဦးသေ၊ ကလေးအပါနှစ်ဦးဒဏ်ရာရ

    ပုလောတွင် စစ်တပ် လက်နက်ကြီးကျည်ထိမှန်ပြီး လူငယ်တစ်ဦးသေ၊ ကလေးအပါနှစ်ဦးဒဏ်ရာရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး လူငယ်တစ်ဦးသေဆုံးကာ၊ ကလေးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

    စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ပလမြို့၊ ကျောက္ကာရွာအနီးတဝိုက် ကျောက်ချထားသည့် စစ်သင်္ဘောနှင့် တိုတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှ တိုက်ပွဲမရှိဘဲ ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

    စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် လက္ကူးရွာ အထကကျောင်းအနီးတွင် ၂ လုံး၊ ပြင်းထိန်ကြီးရွာတွင် တစ်လုံးနှင့် အခြားနေရာတွင် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

    လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လက္ကူးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုမြတ်ဖြိုးဝေသည် ဝမ်းဗိုက်ကျည်စထိမှန်ပြီး သေဆုံးသွားခဲ့သည်။

    ၎င်းပြင် အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်အေးလည်း ဝမ်းဗိုက်ကျည်စထိမှန်ပြီး စိုးရိမ်ရအခြေအနေရှိကြောင်း၊ ဒေါ်ခင်အေး၏ အသက် ၈ နှစ်အရွယ်သားလည်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး လက္ကူးရွာမှ အဘွားအိုတစ်ဦးသေဆုံးသွားခဲ့ကာ နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks