spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတနင်္သာရီမြို့နယ် အဓိကဝင်ပေါက်ဂိတ် ဖြတ်သန်းသွားခွင့်ကို စစ်ကောင်စီပိတ်ထား

    တနင်္သာရီမြို့နယ် အဓိကဝင်ပေါက်ဂိတ် ဖြတ်သန်းသွားခွင့်ကို စစ်ကောင်စီပိတ်ထား

    -

    တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၏ အဓိကဝင်ပေါက်ဖြစ်သည့် ဇဝဲစစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ ရက်နေ့မှစပြီး ပိတ်ထားလိုက်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ 

    တနင်္သာရီမြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် စစ်ကောင်စီတပ်ကားနှင့် စစ်ကြောင်း သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဇဝဲရွာလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ပိတ်ချလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဖြတ်သန်းသွားလာခွင့်ပိတ်မည့်အကြောင်းကို ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့က ဂိတ်တွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားတို့က ဖြတ်သန်းသွားလာသည့်ကား၊ ဆိုင်ကယ်များကို ပြောဆိုခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

    ယနေ့နံနက်ပိုင်းတွင် ကားတချို့ သွားကြည့်ကြပေမယ့် ဖြတ်သန်းခွင့်မပေးသည့်အတွက် ပြန်လှည့်လာခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    ဂိတ်ဖြတ်သန်းသွားလာခွင့်ကို ဘယ်နှစ်ရက် ပိတ်မည်ဆိုတာကို စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်ထားခြင်းမရှိသည့်အတွက် ပိတ်ရက်ကြာရှည်မည်ကို ဒေသခံတို့က စိုးရိမ်နေကြကြောင်း ဆိုသည်။

    ပြီးခဲ့သည့် သြဂုတ်လတတိယအပတ်ခန့်ကလည်း ဆန်၊ လောင်စာဆီနှင့် ဆေးဝါးများ ဇဝဲစစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းသယ်ယူခွင့်ကို စစ်ကောင်စီတပ်ဘက်က ကန့်သတ်ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ပြန်ခွင့်ပြုခဲ့သည်ဟု သိရသည်။

    ဖြတ်သန်းခွင့်ပိတ်ထာသည့် ဇဝဲရွာလမ်းဆုံဂိတ်သည် မြိတ်မြို့နယ်ဘက်မှ တနင်္သာရီမြို့နယ်ဘက်သို့ လာလျှင် အဓိကဖြတ်ရသည့် ဂိတ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်း၊ အပေါ်ပိုင်းကကုန်ပစ္စည်းများ တနင်္သာရီမြို့နယ်သို့ အဓိက ဝင်ရောက်ရာဂိတ်ပေါက်တစ်ခုလည်း ဖြစ်သည်။

    တနင်္သာရီမြို့နယ်အတွက် အရေးပါတဲ့ ဇဝဲဂိတ်ကို စစ်ကောင်စီတပ်တို့က ယခုနှစ်အတွင်းမှာ ပိတ်တာ၊ ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်တာ တစ်ကြိမ်မက ပလုပ်ခဲ့ပြီး ပြီးခဲ့သည့် မေလကလည်း တစ်ပတ်ခန့်ဖြတ်သန်းခွင့် ပိတ်မည်ဟု စစ်ကောင်စီတပ်ဘက်က နှုတ်မိန့်ဖြင့် ကန့်သတ်ခဲ့သော်လည်း  နောက်တစ်ရက်တွင် ဖြတ်သန်းခွင့် ပြန်ပြုခဲ့သည်လည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks