spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမွန်-တနင်္သာရီအစပ် မလွှဲတောင်ဂိတ်တွင် စစ်ဆေးမှု ပိုတင်းကြပ်လာပြီး ငွေတောင်းခံမှုများလာ

    မွန်-တနင်္သာရီအစပ် မလွှဲတောင်ဂိတ်တွင် စစ်ဆေးမှု ပိုတင်းကြပ်လာပြီး ငွေတောင်းခံမှုများလာ

    -

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးနယ်စပ်ရှိစစ်ကောင်စီ မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာပြီး ငွေတောင်းခံမှုလည်း များလာသည်ဟု ခရီးသွားနှင့် ကားသမားတို့ထံမှ သိရသည်။

    မလွှဲတောင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတို့မှ မြို့ပြစစ်ဆင်ရေး ပြုလုပ်မည်ဟု သတင်းထွက်ပေါ်လာပြီးနောက် စစ်ကောင်စီဘက်က စစ်ဆေးမှု ပိုမိုတင်းကြပ်ထားသည့်အပြင် ခရီးသွားပြည်သူများထံမှ ငွေတောင်းခံမှုလည်း များလာသည်ဟု ထားဝယ်မှ ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

    “အခုချိန်မှာ ပစ္စည်းသယ်လို့ လွယ်တာဆိုရင် ဘာမရှိတော့ဘူး။ ကားအနောက်မှာ ဆန်တွေ အများကြီး တင်ရင် သူတို့(စစ်ကောင်စီတပ်သား) စစ်ပြီး၊ ဘာလို့ ဆန်တွေအများကြီးသယ်လဲ။ အဲလိုမျိုးတွေစရစ်တယ်။ သယ်လို့ကိုး မလွယ်တော့ဘူး။ အချို့ကားဆရာတွေက စကားအများကြီးမပြောချင်တော့ ငွေပေးဆောင်လိုက်တာ။ ပစ္စည်းမှ မဟုတ်ပါဘူး လူတွေလည်းအဲလိုပဲ။ အထက်က ဥပမာ-စစ်ကိုင်းတို့ မုံရွာတို့ကနေ ခရီးသည်တွေ ပါနေရင် ကားတစ်စီးလုံးကို မသွားခိုင်းတော့ဘူး။ လမ်းဘေးမှာ ထိုးရပ်ပြီးတော့ မသွားနဲ့တော့။ ဘယ်နှရက်လောက် နေရမလဲဆိုတာကို သူတို့( စစ်ကောင်စီတပ်သား) တွေကို သွားမမေးနဲ့။ ပေးနေရင် နေလိုက်။ အဲလိုမျိုး နှစ်ခါ ကြုံခဲ့တယ်” ဟု ၎င်းက ဆိုသည်။

    အဓိက အမျိုးသားများကို တင်းကြပ်စစ်ဆေးနေကြောင်း မင်္သကာသူတွေဆိုလျှင် ဖမ်းဆီးမှုတွေလည်းရှိနေသည်ဟု ခရီးသွားတို့ထံမှ သိရသည်။

    ယခုလို စစ်ဆေးမှု ပိုမိုတင်းကြပ်လာသည့်အတွက် မလွဲတောင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာရန်  စိုးရိမ်ပူပန်နေရကြောင်း ထားဝယ်မှ လူငယ်တစ်ဦးက ပြောသည်။

    ၎င်းက “အခုက ပြည်သူတွေ ခရီးသွားရင် မလွှဲတောင်ဂိတ်ကိုဖြတ်ဖို့ တော်တော်လေးကို စိုးရိမ်းပူပန်းမှုရှိနေတာပေါ့နော်။ ဘာလို့လဲဆိုတော့ ကိုယ်က ဘာမသိ မရှိနေရင် သူတို့က သူတို့ ပါးစပ်ထဲမှာ တစ်ခုခုမှားရင် ပုဒ်မတွေနဲ့ အမည်တပ်လို့ရတယ်။ အဲ့ကြောင့်  လူတိုင်းက ကြောက်ရွံ့နေကြတယ်။ တော်ရုံတန်ရုံ‌ဆို ခရီးမသွားချင်တော့ဘူး။ ပြီးတော့ သူတို့ ပြစ်မှတ်ထားတာက ယောက်ျားလေးတွေပေါ့နော်။ ယောက်ကျားလေးတွေအကုန်လုံးက pdf တွေလို့ သူတို့တွက်ထားကြတာ။ အဲ့ကြောင့် ခရီးသွားရင် ယောကျာ်းလေးတွေဆို လုံးဝကို လုံခြုံမှုမရှိတော့ဘူး” ဟု ပြောသည်။

    မလွှဲတောင်စစ်ဆေးရေးဂိတ်အပြင် မွန်-တနင်္သာရီကားလမ်းတလျှောက်တွင်  စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဆေးရေးဂိတ်များ တိုးလာကြောင်း လက်ရှိတွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာကြောင်း  ဖြတ်သန်းသွားလာနေသည့် ကားများ၊ ခရီးသည်များအပေါ် ငွေတောင်းခံမှုများလည်း ရှိနေသည်ဟု သိရသည်။

    စက်တင်ဘာလဆန်းပိုင်းမှစပြီး တနင်္သာရီမြို့နယ် အဝင်အထွက် လမ်း၊ တံတားများတွင် ည ၈ နာရီမှ နံနက် ၄ နာရီထိ လူနာတင် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်တားမြစ်မှုထားကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks