spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း လောင်းကစားလုပ်ငန်းများ တွင်ကျယ်လာ

    မွန်ပြည်နယ်အတွင်း လောင်းကစားလုပ်ငန်းများ တွင်ကျယ်လာ

    -

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း လောင်းကစားလုပ်ငန်းများ တွင်ကျယ်လာကြောင်း။ လောင်းကစားလုပ်ငန်းကို  စီးပွားရေးသဖွယ် လုပ်ဆောင်လာကြကြောင်း သိရသည်။

    သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် ISP- Myanmar ၏ စစ်တမ်းကောက်ယူထားချက်အရ မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၁၀ အနက် ၁၀၅ မြို့နယ် (၉၅) ရာခိုင်နှုန်းသည် နှစ်လုံးထီ၊ သုံးလုံးထီသာမက စီးပွားဖြစ် ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်း အစရှိသော လောင်းကစားလုပ်ငန်းများ တွင်တွင်ကျယ်ယ် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

    ပြည်နယ်အတွင်း လောင်းကစားလုပ်ငန်း များလာပြီး အထူးသဖြင့် လူငယ်များအကြား အွန်လိုင်းလောင်းကစားလုပ်ငန်း တွင်ကျယ်လာသည်ဟု လူငယ်တို့၏ပြောပြချက်အရ သိရသည်။

    လောင်းကစားကြောင့် ငွေကြေးလိမ်လည်သည့်ဖြစ်စဥ်များ များလာသလို၊ လောင်းကစားကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့်ဖြစ်စဥ်လည်း များလာကြောင်း မုဒုံမြို့မှ လူငယ်တစ်ဦးက ပြောသည်။

    “အခုနောက်ပိုင်း လူငယ် မိန်းကလေးတော်တော်များများလည်း ထီးထိုးတာတွေ ပိုများလာတယ်။ ပြီးတော့ အွန်းလိုင်းဂိမ်းတွေ ကစားကြတာ များတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာဖုန်းရှိနေတယ်။ ဖုန်းရှိတယ်။ လိုင်းရှိနေတော့ သုံးကြတာများတယ်။ အဲ့ကြောင့် တချို့ ငွေအတိုးတွေနဲ့ ဖြစ်လာနိုင်စရာအကြောင်းမရှိတဲ့ ပြဿနာတွေ၊ ငွေကြေးလိမ်လည်မှုတွေ ဖြစ်လာတယ်ပေါ့” ဟု ဆိုသည်။

    လောင်းကစားလုပ်ငန်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တွင်ကျယ်လာကြောင်း စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တားဆီး၊ ဖမ်းဆီးတာမရှိသည့်အတွက် ပြည်သူများ လောင်းကစားလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် အခွင့်လမ်းပိုများလာကြောင်း ကျိုက်မရောမြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။

    ၎င်းက “စစ်အာဏာသိမ်းစ တစ်လ နှစ်လလောက်မှတော့ မရှိသေးဘူး။ ဒါပေမဲ့  လအနည်းငယ်ကြာလာတော့ လောင်းကစားတွေက နည်းမျိုးစုံကို ပေါ်လာတာ။ အချို့လူတွေက အာဏာရထားတဲ့သူတွေနဲ့ အဆက်အသွယ်ရှိတာ တချို့က အပစ်ရပ်အဖွဲ့တွေနဲ့ အဆက်သွယ်ရှိနေတော့ လောင်းကစားလုပ်ဖို့က လွယ်လွယ်လေးနဲ့ အခွင့်ရေးပိုရလာတယ်။ အာဏာရတဲ့သူတွေလည်း သူတို့ဖမ်းတော့ ဖမ်းနေတာပဲ။ ဒါမဲ့ ခရီးမရောက်ဘူး အဲ့တာက အမှန်တရားတစ်ခုပဲ” ဟု ဆိုသည်။

    ISP-Myanmar ၏ စစ်တမ်းများအရ ယခုနှစ် မေလမှ ဇူလိုင်လအတွင်း မြို့နယ်တစ်ခုချင်းစီအလိုက် ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၆ ခုနှင့် အထက် စီးပွားဖြစ် ဂျင်ဝိုင်း၊ ဖဲဝိုင်းနှင့် ကြက်ဝိုင်းလုပ်ကိုင်မှု ပိုမိုမြင့်တက်လာပြီး နှစ်လုံးထီ၊ သုံးလုံးထီကို မြို့နယ် ၁၁၀ ထဲက ရပ်ကွက်၊ ကျေးရွာ အုပ်စု ၁၆ ခုနှင့်အထက် ၆၈ မြို့နယ်အတွင်း လုပ်ကိုင်နေကြပြီး အခြားလောင်းကစားတွေကိုတော့ မြို့နယ် ၁၁၀ ထဲက ၄၁ မြို့နယ်တွင် ပိုမိုကျယ်ပြန့်လာသည်ဟု ဖော်ပြထားသည်။

    နိုင်ငံအနှံ့အပြားတွင် “အာဝါဒေး”ဆန်ဆန် လောင်းကစားလုပ်လို့ရသည့် ပွဲလမ်းများ ဖန်တီးကြပြီး ၃၆ ကောင်၊ လေးကောင်ဂျင်နှင့် ဖဲဝိုင်းများ ထည့်သွင်းကြသလို တဖက်တွင်လည်း အွန်လိုင်းကနေကစားနိုင်သည် ဘောလုံးပွဲ၊ ထီ၊ ရှမ်းကိုးမီးစသည့် လောင်းကစားများလည်း ရှိသည်ဟု ISP-Myanmar က ဆိုသည်။

    စစ်အာဏာသိမ်းမှုအလွန် ဖြစ်လာသည့်ဆုတ်ယုတ်မှုများထဲတွင် နိုင်ငံအနှံ့လောင်းကစားနွံထဲ နစ်မွန်းကြသူ များလာနေပြီး လောင်းကစားဘက်ကို လူများလှည့်လာကြခြင်းသည် စားဝတ်နေရေး ကျပ်တည်းမှုကတစ်ကြောင်း ပုံမှန်အလုပ်ဖြစ်နိုင်သည့် စီးပွားရေးဝန်းကျင်၊ အလုပ်အကိုင်ရှားပါးသည်လည်း တစ်ခုပါနိုင်သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks