spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမြိတ်-ထားဝယ်လမ်းတွင် စစ်ကောင်စီကား မိုင်းဆွဲခံရ

    မြိတ်-ထားဝယ်လမ်းတွင် စစ်ကောင်စီကား မိုင်းဆွဲခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ကားလမ်းတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားတစ်စီး မိုင်းဆွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်အချိန်ခန့်က ထားဝယ်ဘက်မှ သရက်ချောင်းမြို့ဘက်ကို ဆင်း လာသည့် စစ်ကောင်စီတပ်ကားသည် သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြားအရောက်တွင် မိုင်းဆွဲခံရခြင်း ဖြစ်သည်။

    “လမ်းကင်းဆင်းလာယူတဲ့ကားလို့ သိရတယ်။ သုံးစီးဆင်းလာပြီး လမ်းမှာ နှစ်စီးနေခဲ့တယ်။ နောက်ဆုံးကျန်တဲ့တစ်စီး ထိသွားတာ” ဟု​ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    ကားမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိသည်သိရသော်လည်း အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ဆိုသည်။

    စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီးနောက် ညနေ ၅ နာရီခန့်အထိ လမ်းပိတ်ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    ဖြတ်သန်းသွားလာရင်း မျက်မြင်တွေ့ရှိသူတစ်ဦးက “မြေတင်ကားတွေနဲ့ပါ လမ်းပိတ်ချပြီး စစ်ဆေးရှင်းလင်းနေတာ။ အင်အားလည်းများတယ်” ဟု ပြောသည်။

    စစ်ကောင်စီတပ်ဘက်က လမ်းပိတ်ပြီး စစ်ဆေးနေတာကြောင့် မြိတ်-ထားဝယ်ကားလမ်းပေါ်တွင် အတက်အဆင်း ကားအစီး ၅၀ ခန့် ပိတ်မိနေခဲ့ကြောင်း သိရသည်။

    သရက်ချောင်းမြို့နယ်အတွင်း မြိတ်-ထားဝယ်ကားလမ်းတစ်ခုတည်းပေါ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၆ ခု ရှိပြီး စစ်ကောင်စီကား မိုင်းဆွဲခံရသည့်ဖြစ်စဥ် မကြာခဏကြုံတွေ့နေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks