spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ လုပ်ငန်းလိုင်စင်မှတ်ပုံတင်ရန် NUG ထပ်သတိပေး

    အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ လုပ်ငန်းလိုင်စင်မှတ်ပုံတင်ရန် NUG ထပ်သတိပေး

    -

    မှတ်ပုံတင်ရန်ကျန်ရှိနေသေးသည့် အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းလိုင်စင်မှတ်ပုံတင် အမျိုးသားညီညွတ်ရေးအစိုးရ NUG စက်တင်ဘာ ၃ ရက်နေ့က ထပ်မံသတိပေးထုတ်ပြန်ထားသည်။

    အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ မှတ်ပုံတင်ရန် NUG က ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်က သတိပေးစာထုတ်ပြန်ထားခဲ့သည်။

    ပြည်သူ့အုပ်ချုပ်ရေး ပြန်လည်စတင်ချိန်တွင် မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ‌အေဂျင်စီများကို တည်ဆဲဥပဒေနှင့် ကျင့်ဝတ်များချိုးဖောက်ထားမှု ရှိ၊ မရှိ စိစစ်ပြီးမှသာ လိုင်စင်ထုတ်ပေးပြီး လုပ်ငန်း ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ စစ်ကောင်စီထံ မှတ်ပုံမတင်ဖို့၊ အေဂျင်စီလိုင်စင်သက်တမ်းမတိုးဖို့၊ အခွန်မဆောင်ဖို့ကိုလည်း NUG က တားမြစ်ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ထားချက်အ‌‌ရမှာတော့ မှတ်ပုံတင်ပြီး လိုင်စင်ရယူထားသည့် ပြည်တွင်းအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီ ကုမ္ပဏီပေါင်း ၇၉ ခု၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ကုမ္ပဏီပေါင်း ၄၅၇ ခုနှင့် ထိုင်းနိုင်ငံ လိုင်စင်ရအေဂျင်စီကုမ္ပဏီပေါင်း ၁၅၀ ခုရှိနေသည်။

    NUG ကတော့ အေဂျင်စီအချို့နှင့် လုပ်သားစုဆောင်းသူပွဲစားများ၏ ကျင့်ဝတ်ချိုးဖောက်မှုများ၊ စစ်ကောင်စီနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်တည်မြဲရေး ကူညီပံ့ပိုးနေသည့် ‌အေဂျင်စီများကို အမည်ပျက်စာရင်းကြေညာပြီး ကြားကာလတရားမျှတမှုဖော်ဆောင်ရာတွင် ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။ 

    စစ်ကောင်စီကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးခက်ခဲလာခြင်းတို့ကြောင့် ပြည်သူများ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများနှင့် ချိတ်ဆက်ကာ ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

    ယင်းအခြေအနေကို အခွင့်ကောင်းယူပြီး အေဂျင်စီအချို့ ပြည်သူတို့၏ ချွေးနည်းစာမှ ဝန်ဆောင်ခများ အဆမတန်ကောက်ခံ၍ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း ငွေကြေးလိမ်လည်ရယူခြင်း လုပ်သားစုဆောင်းသူ ပွဲစားများသည် တရားမဝင် လူစုဆောင်းခြင်းနှင့် တရားမဝင် နည်းလမ်းများဖြင့် ပို့ဆောင်ခြင်းတို့ ပြုလုပ်လျက်ရှိသည်ဟု NUG က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks