spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းဘီးလင်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

    ဘီးလင်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး တော်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦး သေဆုံးကြောင်း သိရသည်။  

    ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က စစ်ကောင်စီယာဥ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲဖြစ်စဥ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦး သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

    တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က စစ်ကူရောက်ရှိလာပြီး အင်အားမမျှသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ဆုတ်ခွာခဲ့ရသည်။

    စစ်ကောင်စီဝါဒဖြန့် Telegram Channel မှာတော့ တိုက်ပွဲအတွင်း KNU/KNLA/PDF ပူးပေါင်းအဖွဲ့ဝင် ၃ ဦး အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် RPG (၁) လက်၊ M – 16 (၁) လက်၊ M – 22 (၁) လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

    တိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင်ဖြတ်သန်းသွားလာနေသည့်ကားများ ခေတ္တရပ်နားခဲ့သည့်အပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အလူးကျေးရွာနှင့် အနီးနားရှိကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံနှင့် ခရီးသွားပြည်သူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks