Tuesday, March 10, 2026
More
    spot_img
    Homeသတင်းထားဝယ်အရှေ့တောဒေသကို ဆန်၊ ဆေးဝါးသယ်ရင် ဖမ်းမည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

    ထားဝယ်အရှေ့တောဒေသကို ဆန်၊ ဆေးဝါးသယ်ရင် ဖမ်းမည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို ဆန်၊ ဆေးဝါးများသယ်ဆောင်လျှင် လူကိုဖမ်းဆီးပြီး ပစ္စည်းများသယ်ဆောင်လာသည့်ကားကိုပါ သိမ်းဆည်းမည်ဟု စစ်ကောင်စီတပ်တို့က ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ထားဝယ်မြို့အထွက် ဗျောတောဝရပ်ကွက် စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ကစပြီး စစ်ဆေးမှု ပိုမိုတင်းကြပ်ထားကာ ယခုလို ခြိမ်းခြောက်ပြောဆိုမှုများရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ဆန်နဲ့ ဆေးတင်လာရင် လူရော၊ ကားရော ဖမ်းမယ်လို့ ပြောတယ်။ ဆိုင်ကယ်တွေ သုံးဘီးတွေလည်း မရဘူးပြောတယ်။ ဆန်သုံးလေးပြည်တောင် ပေးမသယ်တော့ဘူး” ထားဝယ်အရှေ့တောဒေသခံတစ်ဦးက ပြောသည်။

    ထားဝယ်အရှေ့တောဒေသကို ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းခန့်ကစပြီး စစ်ကောင်စီက ရိက္ခာနှင့် ဆေးဝါး သယ်ယူခွင့် ကန့်သတ်ခဲ့ပြီး ယခုရက်ပိုင်းတွင် ပိုမိုတင်းကြပ်လာသည်ဟု ဆိုသည်။ 

    ယခုလို ဆန်နှင့် ဆေးဝါး သယ်ခွင့် ပိတ်လိုက်သည့်အတွက် ဒေသခံပြည်သူများ အငတ်ဘေးဆိုက်သည့် အခြေအနေနှင့် ကြုံတွေ့လာနိုင်ပြီး ကျန်းမာရေးအခက်အခဲများလည်း ပိုများလာနိုင်သည်လို့ ဒေသခံတွေက ပြောသည်။

    “ပိတ်တာတော့ အစကတည်းက ပိတ်ထားတာပဲ။ ဒါပေမယ့် နည်းနည်းပါးပါးဆိုရင်တော့ သယ်လို့ရသေးတယ်။ အခုလို လုံးဝပိတ်လိုက်တော့ ဒီမှာနေတဲ့ ပြည်သူတွေက ဘာသွားစားရတော့မလဲ” ဟု အခြားအရှေ့တောဒေသခံတစ်ဦးက ဆိုသည်။

    ထားဝယ်အရှေ့တောသွားသည့် လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားပြီး ဗျောတောဝဂိတ်၊ ရှစ်မိုင်ဂိတ်နှင့် ပကာရီဂိတ်တို့ကို ဖြတ်သန်းသွားလာနေသည့် ဒေသခံတွေကို စစ်ဆေးရှာဖွေတာ၊ ငွေတောင်းတာတွေလည်း လုပ်ဆောင်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks