ပြည်သူများ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုၚ်ရေးအတွက် ရေး-ထားဝယ်ကားလမ်းတလျှောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါၚ်းတပ်ဖွဲ့တို့ နေ့စဥ် လုံခြုံရေးဆောၚ်ရွက်နေကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားချက်အရ သိရသည်။
KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ၁၆ ရက်နေ့က ရေးမြို့နယ်၊ အောင်သပြေပိုင်နက် အောင်သုခဇရပ်အနီးတွင် နံနက် ၉ နာရီကနေ နေ့လယ် ၃ နာရီဝန်းကျင်ခန့်အထိ စစ်ကောင်စီတပ်တွေ အရပ်သားမော်တော်ယာဥ်အသုံးပြုပြီး သွားလာမှုရှိ၊ မရှိနှင့် မော်တော်ယာဥ်တွေ စစ်ကောင်စီနှင့် ပတ်သက်သည့်လူတွေ၊ ပစ္စည်းတွေ တင်ဆောင်တာမျိုးရှိ၊ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်သူများ ကြည်ဖြူစွာဖြင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့သည့်အပေါ်ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
မော်လမြိုင်-မုဒုံ-ရေး-သံဖြူဇရပ်-ထားဝယ်-မြိတ်လမ်းတလျှောက် သွားလာနေသည့် မော်တော်ယာဉ်တွေအနေနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ စစ်ဆေးသည့်အခါတွင် ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနှင့် ပတ်သက်သည့်လူ၊ ပစ္စည်းများတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနှင့် စစ်ကောင်စီတပ်ယာဥ်တို့နှင့် လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အသုံးပြုတဲ့ယာဥ်များလည်း ကြည်ဖြူစွာ အစစ်ဆေးခံဖို့ ပူးပေါင်းတပ်ဖွဲ့တို့က ထပ်မံတိုက်တွန်းထားသည်။
နယ်မြေလုံခြုံရေးနှင့် စိုးမိုးနိုင်ရေးအတွက် KNLA ပူးပေါင်းတပ်ဖွဲ့တို့ က မော်လမြိုင်-မုဒုံ-ရေး-သံဖြူဇရပ်-ထားဝယ်-မြိတ်လမ်းတလျှောက်တွင် ဇွန်လကစပြီး လုံခြုံရေးဆောၚ်ရွက်မှုများ လုပ်ဆောင်လာခဲ့သည်။