spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းလက်ခတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါ ၁၅ ဦးသေဆုံး

    လက်ခတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါ ၁၅ ဦးသေဆုံး

    -

    ကရင်ပြည်နယ်၊ မြဝတီမြို့အနီး လက်ခက်တောင်ကုန်းစခန်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်က လက်ခတ်တောင်ကုန်းစခန်းကို ပြန်လည်ရရှိရန်အတွက် သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်က လက်နက်ကြီး ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာပူးပေါင်းစစ်ကြောင်းတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    ၎င်းပြင် 60mm ကွန်မန်ဒိုပြောင်း (၁) လက်၊ MAsniper (၁) လက်၊ MA4 (၂) လက်၊ MA3 (၃) လက်၊ MA2 (၄) လက်၊ MA1 (၁) လက်၊ M16 (၁) လက်၊ MAကျည်ဘောက် (၅၃) ခု၊ MA2 ကျည်ဘောက်အဝိုင်း (၄) ခု၊ M16 ကျည်ဘောက် (၂) ခု၊ 5.56 က ပစကျည် (၅၂၀၀) တောင့်၊ 7.62NATOကျည် (၂၆၅၀)တောင့်၊ MAsniper ကျည်ဘောက် (၁) ခု၊ 60mmဗုံးသီး (၃၆) လုံး၊ RPG ဗုံးသီး (၉) လုံး၊ RPG ပို့ယမ်း (၈) ခု၊ 40mm ဗုံးသီး (၅၇) လုံး၊ ငါးကြင်းမြှီးပြောင်း (၂) ပြောင်း၊ ဆက်သွယ်ရေးစက် (၁) လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် အကြိမ်ရေ ၃၀၀ ကျော်ပစ်ခတ်ခဲ့သည့်အပြင် Jet Fighter ၊ Mi-35(Attack-Helicopter) တို့ဖြင့်လည်း ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီဘက်က လက်နက်ကြီးအလုံးအရင်းပစ်ခတ်မှုကြောင့် ဆက်သွယ်ရေးတာဝါတိုင်နှင့် သာသနာအဆောက်အဦးများပျက်စီးခဲ့ရသည့်အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် လက်ခတ်တောင်ကုန်းစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က ဇူလိုင် ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့သည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုင်းခဲ့သည့် လက်ခတ်တောင်ကုန်းစခန်းကို ပြည်လည်ရရှိရန်အတွက် စစ်ကောင်စီတပ်တို့က အကြိမ်ကြိမ်ထိုးစစ်ဆင်ဝင်ရောက်လာမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။  

    လက်ခတ်တောင်ကုန်းစခန်းတိုက်ပွဲဖြစ်စဥ်များအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် အရပ်သားပြည်သူ ထိခိုက်တာ၊ နေအိမ်အဆောက်အဦး ထိခိုက်တာတွေလည်းရှိနေသည့်အပြင် ရာနှင့်ချီသည့် ဒေသခံတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks