spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်တွင် ဖမ်းမိသည့် ရိုဟင်ဂျာ ၁၄၀ ဦးကို ကျိုက်မရောထောင်ပို့

    သံဖြူဇရပ်တွင် ဖမ်းမိသည့် ရိုဟင်ဂျာ ၁၄၀ ဦးကို ကျိုက်မရောထောင်ပို့

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ရွာသာယာကျေးရွာအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၁၄၅ ဦးအနက် ၁၄၀ ဦးကို ကျိုက်မရောဗဟိုအကျဥ်းထောင်သို့ ပို့ဆောင်ထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ရေး-သံဖြူဇရပ်ကားလမ်း ရွာသာယာကျေးရွာအနီးတွင် မြေသယ်ယာဥ် ၄ စီးဖြင့် တင်ဆောင်လာသည့် ရိုဟင်ဂျာများကို သက်ဆိုင်ရာတို့က ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ အမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၁၈ ဦးအနက် အမျိုးသား ၁၂၃ ဦးနှင့် အမျိုးသမီး ၁၇ ဦးတို့ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အမှုဖွင့်ပြီး ကျိုက်မရောဗဟိုအကျဥ်းထောင်သို့ ပို့ဆောင်ထားသည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “အသက် ၁၀ နှစ်အောက် ကျား ၄ ဦးနဲ့ မ ၁ ဦးကိုတော့ လဝကဦးစီးဌာနက မော်လမြိုင်မြို့နယ်၊ ကွမ်းခြံကုန်းရပ်ကွက်မှာရှိတဲ့ ‘ဇာမေအာ ဇမီရီရာကာစီလွန်းအိုလွန်’ စာသင်ကျောင်းကို ပို့ဆောင်ထားတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    အဆိုပါ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ စက်လှေဖြင့် ထွက်လာပြီး သံဖြူဇရပ်မြို့နယ် သပြေချောင်းဝတွင် လှေကပ်ကာ ထိုမှတဆင့် မြေသယ်ယာဥ်များဖြင့် တင်ဆောင်လာခြင်းဖြစ်သည်။

    ၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၅၀၀ ဦးထက်မနည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင်း တချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks