spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီက နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၃ ခုကို လိုင်စင်ရုတ်သိမ်း

    စစ်ကောင်စီက နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၃ ခုကို လိုင်စင်ရုတ်သိမ်း

    -

    နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ (Money Change License)  ကုမ္ပဏီ ၁၃ ခုကို လိုင်စင်ရုတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘက်က ဩဂုတ် ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

    ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွန်ကြားချက်များကို မလိုက်နာမှုမရှိခြင်းကြောင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၃ ခုကို လိုင်စင်ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    လိုင်စင်ရုတ်သိမ်းခံရသည့် ကုမ္ပဏီများသည် Prime Residence Co., Ltd၊ West Line Co., Ltd၊ IMA Co., Ltd၊ Great Father Great Sons General Trading Co., Ltd၊ Gold Foil Co., Ltd၊ Big Lion Gems Co., Ltd၊ Global International Investment & Development Co., Ltd၊ World Fortune International Finance Group Shares Co., Ltd၊ Myat Nan Yone Services Co.,Ltd၊ LP Holding Co., Ltd၊ Golden Myanmar Asia Crown Travels & Tours Co., Ltd၊ Yangon KSA Travels & Tours Co., Ltd နှင့် Balance Co., Ltd တို့ဖြစ်သည်။

    ပြီးခဲ့သည့် မေလနှင့် ဇူလိုင်လကလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွန်းကြားချက်များကို လိုက်နာမှုမရှိခြင်းကြောင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၃၀ ခုကိုလည်း ဗဟိုဘဏ်က လိုင်စင်ရုတ်သိမ်းခဲ့သည်။

    ရွှေနှင့် ဒေါ်လာဈေးကို ထိန်းချုပ်ထားသည့် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ ဈေးနှုန်းများ မြင့်တက်လာချိန်တွင် ၎င်းတို့သတ်မှတ်ထားသော ရည်ညွှန်းဈေးများဖြင့် အရောင်းအဝယ်မလုပ်ဆောင်သည့် ရွှေနှင့် ဒေါ်လာအရောင်းအဝယ်သမားများကို ဖမ်းဆီးခြင်းနှင့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးနေသည့် ကုမ္ပဏီများကို လိုင်စင်ရုတ်သိမ်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။

    လက်ရှိတွင် နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့လိုက်ခြင်း၊ စင်ကာပူနိုင်ငံ၏ အဓိကဘဏ်ကြီးတခုဖြစ်သည့် United Overseas Bank (UOB) က မြန်မာ့ဘဏ်များနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်းနှင့် ကျပ်နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေလိုက်သည့်နောက် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့သည်။

    လက်ရှိတွင် အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ကျပ် ၃၆၀၀ အထိဖြစ်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေ ကျပ် ၁၀၀ ရှိအထိ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks