spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကျုံဒိုးတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ

    ကျုံဒိုးတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) အုပ်ချုပ်နယ်မြေ ကရင်ကျောက်ဖျာရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင်း အရပ်သားဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် ခမရ-၅၄၅ မှ သြဂုတ်လ ၁၂ ရက်နေ့က ၁၂၀ မမ လက်နက်ကြီးများဖြင့် လူနေထိုင်ရာကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကရင်ကျောက်ဖျာရွာမှ အသက် ၅၃ နှစ်အရွယ် နော်ချစ်သန်းသည် ညာဘက်လက်ကြေမွ ပြင်းထန်ဒဏ်ရာ၊ အသက် ၆၉ နှစ်အရွယ် ဦးတလက်မသည် ဘယ်ဘက် ပုခုံးစွန်း ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

    ၎င်းပြင် နေအိမ်တစ်လုံးနှင့် လယ်ထွန်စက်တစ်စီးလည်း လက်နက်ကြီးကျည်ထိမှန်ပျက်စီးသွားခဲ့ကြောင်း ကေအဲန်ယူဗဟိုက ဆိုထားသည်။

    ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေတွင် ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်တို့မှ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ၅၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်း လက်နက်ကြီးထိမှန်မှုကြောင်း အသက် ၆ နှစ်နှင့် ၈ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တစ်ဦးသေဆုံးသွားခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ကေအဲန်ယူ တပ်မဟာ (၆) တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး နှစ်ဦး အပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦး သေဆုံးသွားခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။  

    ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန်လတစ်လအတွင်းမှာ တိုက်ပွဲပေါင်း ၂၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks