spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအရေး တစ်ပြိုက်နက် ဖြေရှင်းရမည်ဟု KNU ပြော

    ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအရေး တစ်ပြိုက်နက် ဖြေရှင်းရမည်ဟု KNU ပြော

    -

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီပျောက်ဆုံးမှုနှင့် တိုင်းရင်းသားအခွင့်အရေး ပျောက်ဆုံးမှု ကြုံတွေ့နေရပြီး ယင်းပြဿနာနှစ်ကို တစ်ပြိုက်နက်ဖြေရှင်းရမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။

    ၁၇ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးအပြီး သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ရက်တစ်ရာပြည့် သတင်းစာရှင်းလင်းပွဲတွင် KNU ခေါင်းဆောင်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ပဒိုစောတာဒိုမှူးက “မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပျောက်ဆုံးမှုနဲ့ တိုင်းရင်းသားအခွင့်အရေး ပျောက်ဆုံးမှု နှစ်ခုကို ကြုံတွေ့နေရာတာ ဖြစ်ပါတယ်။ ဒီနှစ်ခုကို တစ်ခုပြီးမှ တစ်ခုဖြေရှင်းလို့မရဘဲ တစ်ပြိုက်ထဲ ဖြေရှင်းရမှာ ဖြစ်တယ်ဆိုတာ ဒီနေရာမှာ အတိအလင်းပြောကြားလိုပါတယ်။ အဲဒီအတွက် အတားအဆီးကလည်း စစ်တပ်ပဲ ဖြစ်ပါတယ်။ စစ်တပ်ကြီးစိုးမှုဟာ ၁၉၆၂ ကနေ စခဲ့တာဖြစ်ပြီးတော့ military supremacy လို့ခေါ်တဲ့ စစ်အာဏာကြီးစိုးခြင်း အခြေပြု နိုင်ငံတည်ဆောက်ခြင်းကို စစ်တပ်က နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးတွေကို ခုတုံးလုပ်ပြီးတော့ အတင်းအဓမ္မအကောင်အထည်ဖော်ခဲ့တာကြောင့် ဖြစ်ပါတယ်” ဟု ပြောသည်။

    လူနည်းစုတိုင်းရင်းသားများအနေဖြင့် မိမိတို့ အခွင့်အရေးအတွက် ခုခံတော်လှန်ခဲ့ကြကြောင်း၊ စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းသည်လည်း နှစ်ပေါင်း ၇၀ ကြာ မဖြေရှင်းခဲ့သည့် ပြဿနာများဖြစ်ကြောင်း ၎င်းက ဆိုသည်။

    စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေဖြင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည့်အခန်းကဏ္ဍများ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

    ယခင်အစိုးရအဆက်ဆက်အောက်တွင် မိမိတို့ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး လှုပ်ရှားမှုများ အရောင်ဆိုးခြင်း ခံခဲ့ရကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

    “တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးလှုပ်ရှားမှုတွေ အစိုးရအဆက်ဆက်ရဲ့ ယန္တယားအောက်မှာ အရောင်ဆိုးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၂ ကနေပြီးတော့ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်အထိ ရရှိခဲ့တဲ့ တစ်ပိုင်းတစ်စ ဒီမိုကရေစီအခွင့်အရေးလေးကပဲ၊ ကျနော်တို့ မြန်မာပြည်သူတွေကို မှန်ကန်တဲ့ သမိုင်းအဖြစ်မှန်တွေ ဖော်ထုတ်လာနိုင်ပြီး အခွင့်အရေးတစ်ခုအနေနဲ့ ရရှိခဲ့ရာကနေပြီးတော့ နိုင်ငံရေး ရင့်ကျက်မှုကနေစပြီးတော့ ဒီနေ့ ခေတ်ပြောင်း စနစ်ပြောင်းအတွက် တော်လှန်တဲ့ တော်လှန်ရေးအဖြစ် ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲလာတာဖြစ်တယ်။ ဒီဟာကလည်း ကျနော်တို့ KNU အပါအဝင် တိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့ နိုင်ငံရေး ရည်မှန်းချက်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

    ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားများ၏ အခွင့်အရေးအတွက် နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ တိုက်ပွဲဝင်နေကြောင်း ၎င်းက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts