Homeသတင်းလမ်းခရီးအခက်အခဲကြောင့် မွန်အမျိုးသားအသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်ရက်ရွှေ့ဆိုင်းရ

လမ်းခရီးအခက်အခဲကြောင့် မွန်အမျိုးသားအသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်ရက်ရွှေ့ဆိုင်းရ

-

မိုးအဆက်မပြတ်ရွာသွန်းပြီး လမ်းခရီးသွားလာရေးအခက်ခဲကြောင့် မွန်အမျိုးသားအသက်မွေးဝမ်းကျောင်းသင်တန်း (အပတ်စဉ်-၃) သင်တန်းဖွင့်ရက် ရွှေ့ဆိုင်းလိုက်ရသည်ဟု သင်တန်းတာဝန်ရှိသူတို့ထံမှ သိရသည်။

မွန်အမျိုးသားအသက်မွေးဝမ်းကျောင်းသင်တန်း (အပတ်စဉ်-၃) ကို သြဂုတ်လ ၇ ရက်နေ့တွင် ဖွင့်လှစ်ရန် လျာထားသော်လည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ကာ လမ်းခရီးသွားလာရေးအခက်အခဲရှိသည့်အတွက် သင်တန်းကို သြဂုတ်လ ၂၆ ရက်သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

မွန်အမျိုးသားအသက်မွေးဝမ်းကျောင်းသင်တန်းကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသ ညီဆားစခန်းတွင် ဖွင့်လှစ်သွားရန်ရှိသည်။

“ညီစားသွားဖို့ လမ်းခရီး အရမ်းခက်ခဲနေတော့ ပစ္စည်းတွေချလို့မရဘူး။ သင်တန်းအတွက် သင်ထောက်ကူပစ္စည်းတွေ အများကြီး လိုအပ်နေတယ်လေ။ သင်တန်းဖွင့်ဖို့က အဆင်မပြေသေးတော့ ရက်ရွှေ့လိုက်တယ်” ဟု သင်တန်းဆရာမတစ်ဦးက ပြောသည်။

သင်တန်းရက်ရွှေ့ဆိုင်းထားသည့်အတွင် သင်တန်းသားဦးရေလိုအပ်နေသည့်အပေါ်မှာလည်း ဆက်လက်လျှောက်ထားနိုင်ကြောင်း ဆိုသည်။

မွန်အမျိုးသာအသက်မွေးဝမ်းကျောင်းသင်တန်း(အပတ်စဉ်-၃ ) တွင် သင်တန်းသား ၂၅ ဦးလက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလကို ၃ လ သတ်မှတ်ထားသည်။

မွန်အမျိုးသားအသက်မွေးဝမ်းကျောင်းပညာသင်တန်းတွင် ဆံပင်နှင့် မိတ်ကပ်၊ စက်ချုပ်၊ စက်ပြင်ဆိုပြီးအမျိုးအစား ၃ မျိုးရှိကြောင်း၊ သင်တန်းပြီးလျှင် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး သက်ဆိုင်ရာလုပ်ငန်းခွင်တို့နှင့် ချိတ်ဆက်ပေးနေသည်ဟု သိရသည်။

အသက်မွေးဝမ်းကျောင်းပညာသင်တန်းကို ကျောင်းတစ်ဝက်တပြတ် နားထားရသည့် မွန်လူငယ်များ လုပ်ငန်းခွင်အတွင်း ဝင်ရောက်နိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ကာ မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လက သင်တန်း အပတ်စဥ်-၁ ကို စတင်ဖွင့်လှစ်ခဲ့သည်၊

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts