Sunday, March 8, 2026
More
    spot_img
    Homeသတင်းမြဝတီ-ကော့ကရိတ်အာရှလမ်းမပိုင်း ပေ ၁၅၀ ခန့်ပြိုကျ ပြတ်တောက်သွား

    မြဝတီ-ကော့ကရိတ်အာရှလမ်းမပိုင်း ပေ ၁၅၀ ခန့်ပြိုကျ ပြတ်တောက်သွား

    -

    ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး တောနော်ရေတံခွန်အနီး မိုင်တိုင်မှတ် (၁၄၉) နှင့် (၁၅၀) ကြားတွင် ဩဂုတ်လ ၇ ရက် မွန်းတည့် ၁၂ နာရီခွဲဝန်းကျင်အချိန်ခန့်က ကားလမ်းအကျယ် ၃၃ ပေ၊ အရှည် ပေ ၁၅၀ ခန့် ပြိုကျပြီး လမ်းခရီးအပိုင်းပြတ်တောက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    “မိုးကနေ့တိုင်းကိုရွာနေတာ။ အခုလမ်းပြိုကျမှုဖြစ်သွားတဲ့နေရာကနေ မြဝတီမြို့ဘက်ကို ကားနဲ့မောင်းရင် တစ်နာရီလောက်ဘဲလိုတော့တဲ့နေရာလောက်မှာဖြစ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

    ကားလမ်းပြိုကျမှုဖြစ်စဥ်အတွင်း လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦး မြေသားပြိုကျမှုနှင့်အတူ ပါသွားသည့်အတွက် ကယ်ထုတ်ခဲ့ရကြောင်း အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    “မြေသားနဲ့အတူ ပါသွားတဲ့အမျိုးသားကို ကယ်ထုတ်ပြီးတော့ ကော့ကရိတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    မိုးရက်ဆက်ရွာသွန်းနေသည့်အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းတလျှောက်တွင် မြေသားများနူးနေသည့်အတွက် မြေပြိုကျမှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

    လက်ရှိတွင် မြဝတီ-ကော့ကရိတ်လမ်းဟောင်းအား အသုံးပြုရန်လည်း လုံခြုံရေးအခြေအနေကြောင့် အဆင်မပြေနိုင်သည့်အပြင် မိုးရာသီကာလဖြစ်သည့်အတွက်ကြောင့်လည်း သွားလာရ အဆင်ပြေလွယ်ကူနိုင်မည်မဟုတ်သည့်အတွက် လတ်တလော ကုန်စည်စီးဆင်းမှု ပြတ်တောက်နိုင်ကြောင်း ကုန်သည်တို့က ပြောသည်။  

    “အခုမြဝတီမြို့ဘက်ကလာရင် သင်္ကန်းညီနောင်အဝင်မှာ လမ်းကိုပိတ်ထားလိုက်ပြီးလို့ သိရတယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။

    ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မိုင်တိုင်အမှတ် (၁၄၉) နှင့် (၁၅၀) ကြား တောနော်ရေတံခွန်အနီးတွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သေးကြောင်း သက်ဆိုင်ရာမှ ကားလမ်းပေါ်ပုံကျနေသည့် မြေသားများအား ဖယ်ရှာပေးပြီးနောက် မြဝတီဘက်သို့သွားမည့် ယာဉ်များပြန်လည်သွားခွင့်ပြုခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks