Homeသတင်းရေး-သံဖြူဇရပ်ကားလမ်းဘေးရှိ ခြံတစ်ခုတွင် မြေမြုပ်မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ရေး-သံဖြူဇရပ်ကားလမ်းဘေးရှိ ခြံတစ်ခုတွင် မြေမြုပ်မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း အောင်သာယာကျေးရွာအနီးရှိ ခြံတစ်ခုတွင် မြတ်ခုတ်နေစဥ် မြေမြုပ်မိုင်းပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်က မော့ကနင်းရွာသစ်နေ အသက် ၄၇ နှစ်အရွယ် နိုင်အပင်ဆိုသူသည် အောင်သာယာကျေးရွာအနီးရှိ ၎င်း၏ခြံတွင် မြက်ခုတ်နေစဥ် မြေမြုပ်မိုင်းပေါက်ကွဲပြီး လက်သန်းနှစ်ဆစ် ပြတ်ထွက်ဒဏ်ရာရခဲ့သည်။

“သူခြံသွားနေတာက သုံးရက်လောက်တော့ ရှိတယ်။ မြက်ခုတ်နေရၚ်း ထိသွားတယ်။ မြက်ခုတ်စက်ကတော့ နှစ်ပိုၚ်းပျက်ထွက်သွားတယ်။ အဲ့အောၚ်သာယာကျေးရွာဘက်မှာတော့ ပေါက်ကွဲမှုတွေ ခဏခဏဖြစ်နေတယ်” ဟု နိုင်အပင်နှင့် နီးစပ်နေသူတစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် နိုင်အပင်ကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က လမိုၚ်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟုလည်း ဆိုသည်။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်း အောင်သာယာကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောင်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား ပြင်းထန်တိုက်ပွဲဖြစ်ပွားနေသည့်နေရာဖြစ်သည်။

စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မကြာခဏဖြစ်ပွားလေ့ရှိသည့် ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးကလွဲရွာအနီး ကြိုးတံတားချောင်းဘေးတွင်လည်း မြေမြုပ်မိုင်းပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားနေပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင်း အရပ်သား သေဆုံးမှုရှိခဲ့သည့်အပြင် ခြေထောက်ဖြတ်တောက်ခံခဲ့ရသူလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts