spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေကြီးရေလျှံခဲ့သည့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက်အချို့ ရေပြန်ကျ

    ရေကြီးရေလျှံခဲ့သည့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက်အချို့ ရေပြန်ကျ

    -

    ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက်အချို့တွင် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစပြီး ရေပြန်ကျနေပြီးဟု ရပ်ကွက်နေသူတို့နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    မိုးအဆက်မပြတ်သွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းခန့်မှစကာ မော်လမြိုင်မြို့ပေါ်ရှိ စျေးကြိုရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ရွှေပြည်စိုးရပ်ကွက်၊ ဒိုင်းဝန်ကွင်းရပ်ကွက်၊ ဇေယျာ ၁/၂/၃ အစရှိသည့်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

    “ဒီနေ့ (ဇူလိုင် ၂၀ ရက်) မနက်ပိုင်းက မိုးရွာသေးပေမယ့် မနက် ၁၀ နာရီလောက်ကျတော့ မိုးပြန်တိတ်သွားပြီး နေပြန်ပွင့်နေပါတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် ရပ်ကွက်အချို့ ရေပြန်ကျသွားသော်လည်း အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေတင်ကျန်လျက်ရှိနေသေးကြောင်း လူမှုကူညီကယ်တယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    “လက်ရှိ တချို့နေရာတွေမှာ ရေလျော့ကျသွားပေမယ့် ဇေယျာမြိုင်၊ သီရိမြိုင်၊ သီရိမင်္ဂလာရပ်ကွက်နဲ့ လှိုင်ရပ်ကွက်ဘက်မှာ ရေကတင်ကျန်နေသေးတယ်လို့ သိရတယ်။ မိုးဆက်မရွာဘူးဆိုရင်တော့ အဲ့ဒီရပ်ကွက်တွေမှာလည်း ရေပြန်ကျသွားနိုင်ပါတယ်” ဟု ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

    ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက်ပြည်သူ ၆၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ယခု ရေပြန်ကျသွားသည့်အတွက် နေအိမ်ပြန်နေကြပြီးလို့လည်း ဆိုသည်။  

    ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်က အသက်တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦးအပါအဝင် ကလေး သုံးဦး ရေနစ်သေဆုံးခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    မွန်ပြည်နယ်အတွင်း ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်၊ ကျိုက်မရော၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်အပြင် ကားလမ်းရေကျော်မှုများလည်း ဖြစ်ပွားခဲ့သည်။

    ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာတွင်လည်း ချောင်းထဲ ထင်းလိုက်ဆယ်သည့် အမျိုးသားတစ်ဦး ရေစီးဖြင့် မျောပါ ပျောက်ဆုံးခဲ့သေးသည်။

    မွန်ပြည်နယ်အတွင်း မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုအပြင် တောင်ပြိုမှု၊ အုတ်တံတိုင်းပြိုကျသည့်ဖြစ်စဥ်ဖြစ်ပွားနေပြီး လူထိခိုက်မှုလည်းရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks