spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်းအပါ ဌာနဆိုင်ရာရုံးများ၊ စခန်းများ တိုက်ခိုက်ခံရ

    ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်းအပါ ဌာနဆိုင်ရာရုံးများ၊ စခန်းများ တိုက်ခိုက်ခံရ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနှင့် စစ်ကောင်စီခုတ်ခွားစခန်း၊ စစ်ကူလာသည့် စစ်ကြောင်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် Federal Wings ဒရုန်း ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီအုပ်ချုပ်ရေး၊ လုံခြုံရေးများကို ဆောင်ရွက်ပေးနေသည့် ဌာနဆိုင်ရာရုံးများနှင့် စစ်ကောင်စီ ခုတ်ခွားစခန်း၊ ခုတ်ခွာစခန်းကို စစ်ကူလာနေသည့် စစ်ကြောင်းတို့ကို ဇူလိုင်လ ၁၁ ရက်နေ့မှစကာ ၁၆ ရက်နေ့အထိ နေ့စဥ် ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အသုံးပြုကာ တိုက်ခိုက်ခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ထားသည်။

    အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်သား ၅ ဦးခန့် သေဆုံးပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNLA၊ S.O.F ပူးပေါင်းတပ်ဘက်က တပ်သားတစ်ဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးမှု မရှိခဲ့ကြောင်းလည်း S.O.F က ထုတ်ပြန်ထားသည်။

    လက်ရှိတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အပြင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ်မှလည်း လက်နက်ကြီးများဖြင့် နေ့စဥ်လိုလို ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့ပြောပြချက်အရ သိရသည်။

    စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်နေခြင်းနှင့် စစ်ကြောင်းထိုး ဝင်ရောက်လာနေခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း အစရှိသည့် ကျေးရွာများမှ ထောင်နှင့်ချီ ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks