spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းထွေအုပ်ညွှန်ကြားချက်ကြောင့် ရပ်ကျေးအဆင့် မွန်ညီညွတ်ရေးပါတီဆိုင်းဘုတ်များ ဖြုတ်ချထားရ

    ထွေအုပ်ညွှန်ကြားချက်ကြောင့် ရပ်ကျေးအဆင့် မွန်ညီညွတ်ရေးပါတီဆိုင်းဘုတ်များ ဖြုတ်ချထားရ

    -

    သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ်၊ မြို့နယ်အသီး သီးရှိ မွန်ညီညွတ်ရေးပါတီ၏ ရပ်/ကျေးပါတီရုံးဆိုင်းဘုတ်များကို ၂၀၂၃ ဇူလိုင်လ (၈) ရက်နေ့မှစပြီး ဖြုတ်ချ ထားရကြောင်း အဂႅလိပ်ဘာသာဖြင့် ရေးသားနေသည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင် (HURFOM) အွန်လိုင်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

    ပါတီဆိုင်းဘုတ်ဖြုတ်ချရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သီးခြားညွှန်ကြားလာခြင်းမဟုတ်ဘဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသာ အမိန့်ပေးလာခြင်းဖြစ်သည်ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှု ဆောင် ကော်မတီဝင်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကာပြီး HURFOM က ဖော်ပြထားသည်။

    “ဆိုင်းဘုတ်ဖြုတ်ချရတာကတော့ မွန်ညီညွတ်ရေးပါတီ တစ်ခုတည်းတော့ မဟုတ်ဘူး။ နိုင်ငံရေးပါတီ အား လုံးပါပဲ။ မြို့နယ်အဆင့်ကတော့ ဒီအတိုင်းထား,ထားလို့ရတယ်၊ ရပ်ကျေးအဆင့်ပဲ ဆိုင်းဘုတ်တွေ ဖြုတ်ထား ပါလို့ မြို့နယ်ထွေအုပ်က ညွှန်ကြားလာတာ။ ကျွန်တော်တို့ပါတီကတော့ ရပ်ကျေးပါတီရုံးတွေကို ညွှန်ကြားပြီး ဆိုင်းဘုတ်တွေ ဖြုတ်ထားလုိက်ပြီးပါပြီ” ဟု မွန်ညီညွတ်ရေးပါတီဗဟို အလုပ်အမှုဆောင်တစ်ဦးက ပြော သည်။

    ရပ်ကျေးပါတီဆိုင်းဘုတ်များ ဖြုတ်ချရခြင်းအကြောင်းရင်းကို ရွေးကောက်ပွဲကော်မရှင်ကသော်လည်းကောင်း၊ နိုင်ငံရေးပါတီကသော်လည်းကောင်း ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောကြားထားခြင်း မရှိချေ။

    “လုံခြုံရေးအခြေအနေအရ ရပ်ကျေးပါတီဆိုင်းဘုတ်တွေ ယာယီဖြုတ်ချထားဖို့ မြို့နယ်ထွေအုပ်တွေက ပြော လာတာပါ။ ဆိုင်းဘုတ်ကတော့ ဖြုတ်ပြီးတော့ ရုံးမှာပဲ ထား,ထားပါတယ်။ အထူးအထွေတော့ မရှိပါဘူး” ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် နောက်တစ်ဦးက ပြောသည်။

    ဆိုင်းဘုတ်ဖြုတ်ချခံရခြင်းသည် ထူးခြားဖြစ်စဉ်မဟုတ်ဟု ဗဟိုအဆင့်က ပြောကြားနေသော်လည်း အောက် ခြေပါတီဝင်များကမူ ထိုသို့လုပ်ဆောင်ခဲ့ရခြင်းအတွက် စိတ်မသက်မသာဖြစ်နေသည်ဟုလည်း HURFOM စာမျက်နှာတွင် ဖော်ပြရေးသားထားသည်။

    “ဘာအကြောင်းကြောင့်လည်း မသိဘူး။ အထက်ကလူတွေကလည်း ဘာမှမပြောဘူး။ ပါတီရုံးက ကျွန်တော့် အိမ်မှာ ဖွင့်ထားတာလေ။ ကိုယ့်ပါတီဆိုင်းဘုတ်ကို ဖြုတ်ပေးလိုက်ရတော့ စိတ်မကောင်းဘူး” ဟု မြို့နယ် အဆင့် မွန်ညီညွတ်ရေးပါတီဝင်တစ်ဦးက ပြောသည်။

    စစ်ကောင်စီ၏ ရွေးကောက်ပွဲဥပဒေအသစ်ကြောင့် မွန်ညီညွတ်ရေးပါတီသည် ပြည်ထောင်စုအဆင့်မှ လျှော့ ချကာ ပြည်နယ်အဆင့်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ရသည်။

    တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီသည် စစ်ကောင်စီ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က ပါတီမှတ်ပုံတင် ပြန်လျှောက်ထားခဲ့ပေမယ့် ၄ လနီးပါးကြာတဲ့အထိ မှတ်ပုံတင်ခွင့်မကျသေးဘူးလို့ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks