spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်တော်လှန်ရေးတပ်-MSRF နှင့် ABSDF မှ ရဲဘော်များကို မွန်ပြည်ဖက်ဒရယ်ကောင်စီမှ လူသားချင်းစာနာထောက်ထားမှု ဥပဒေသင်တန်းပေး

    မွန်ပြည်တော်လှန်ရေးတပ်-MSRF နှင့် ABSDF မှ ရဲဘော်များကို မွန်ပြည်ဖက်ဒရယ်ကောင်စီမှ လူသားချင်းစာနာထောက်ထားမှု ဥပဒေသင်တန်းပေး

    -

    မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) မှ မွန်ပြည်တော်လှန်ရေးတပ်- MSRF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး- ABSDF တို့မှ ရဲဘော်များကို လူသားချင်းစာနာထောက်ထားမှုဥပဒေသင်တန်းပေးခဲ့ကြောင်း သိရှိရပါတယ်။

    မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ တော်လှန်ရေးနယ်မြေ တစ်နေရာတွင် ၂ ရက်တာ သင်ကြားပေးခဲ့ပြီး MSRF နှင့် ABSDF တို့မှ ရဲဘော် ၂၀ ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။

    အဆိုပါသင်တန်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ၊ ကာကွယ်ရေးဌာန နှင့် တရားစီရင်ရေးကော်မတီ တို့ပူးပေါင်းပြီး စစ်မြေပြင်ဆိုင်ရာလိုက်နာရမည့်ကျင့်ဝတ်များ ၊နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် တားမြစ်လက်နက် အသုံးချမှုများအပြင် ရန်သူ့စစ်သုံ့ပန်းများကို ဆက်ဆံဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို သင်ကြားပို့ခဲ့ပေးခြင်းဖြစ်ပါတယ်။

    မွန်ပြည်တော်လှန်ရေးတပ် – MSRF အနေဖြင့် မကြာမီကာလတွင် စစ်ရေးအရှိန်မြှင့်တင်လာနိုင်ရေးအတွက် အဖက်ဖက်မှ ပြင်ဆင်ဆောင်ရွက်နေပြီး အာဏာရှင်စနစ် နှင့်မဟာလူမျိုးကြီးဝါဒ အမြစ်ပြတ်သည်အထိ မဟာမိတ်တပ်များနှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

    သတင်းနှင့်ဓါတ်ပုံ – Rehmonnya FM

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks