spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ဖာလိန်ဒေသတွင် ဒီရေတော အပင် ၅၀၀ ထပ်စိုက်

    ရေးမြို့နယ် ဖာလိန်ဒေသတွင် ဒီရေတော အပင် ၅၀၀ ထပ်စိုက်

    -

    သဘာဝဘေးဒဏ်ကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ရေးမြို့နယ်၊ ဖာလိန်ဒေသ ပင်လယ်ကမ်းစပ်တလျှောက်တွင် ဒီရေတော အပင် ၅၀၀ ထပ်မံစိုက်ပျိုးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဖာလိန်ဒေသ ပင်လယ်ကမ်းစပ်တလျှောက်တွင် ဒေသခံများစုပေါင်းပြီး ၂၀၁၆ ခုနှစ်မှစကာ ဒီရေတောအပင်များ နှစ်စဥ် စိုက်ပျိုးလာခဲ့ရာမှ ကိုဗစ်ရောဂါဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်နောက်ပိုင်း စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ပဲ ယခု ၂၀၂၃ ခုနှစ်တွင် ပြန်လည် စိုက်ပျိုးလာခြင်းဖြစ်သည်။

    ယခင်က တစ်နှစ်လျှင် အပင် ၅၀၀၀ အထိ စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် အပင်မျိုးစေ့အခက်အခဲကြောင့် အပင် ၅၀၀ ခန့်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု ဆိုသည်။

    “အရင်တုန်းက တစ်နှစ် အပင် ၅ဝဝဝထိ စိုက်ပျိုးကြတယ် အခုကတော့ မျိုးစေ့ ရသလောက်နဲ့ အဆင်ပြေသလို သံဃာတော်တွေနဲ့ ဒေသခံတွေ စုပေါင်းပြီး အပင် ၅ဝဝ လောက်ပဲ ပြန်စိုက်ပျိုးထားတယ်” ဟု ဒီရေတော အပင် စိုက်ပျိုးသည့် အံဒင်ဒေသခံတစ်ဦးက ဆိုသည်။

    ဖာလိန်ဒေသတွင် ဒီရေကြောင့် တာတမံများ ကျိုးပေါက်ခြင်းကြောင့် လယ်မြေဧက ၇၀၀ ကျော်တွင် နှစ် ၂၀ ခန့် စပါး မစိုက်ပျိုးနိုင်ဘဲ ပစ်ထားခဲ့ရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ထိုကြောင့် ဒီရေကို အကာအကွယ်ပေးနိုင်မည့် ဒီရေတော အပင်များ စိုက်ပျိုးရန် ဒေသခံတို့စုပေါင်း စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။

    “ပင်လယ်ကမ်းစပ်နှင့် နီးတော့ ဒီရေတိုက်စားခြင်းကနေ ကာကွယ်နိုင်အောင်နဲ့ ရေသတ္တဝါတွေ ခိုအောင်းတဲ့နေရာ ဖြစ်အောင် ဒီရေတောအပင်တွေ ပြန်လည်စိုက်ပျိုးလာတာ ဟု အခြားဒေသခံတစ်ဦက ပြောသည်။

    ဒီရေတောသည် လေဘေးဒဏ်နှင့် ဒီရေရိုက်ခတ်မှုဒဏ် စသည်တို့ကို ကာကွယ်ပေးနိုင်သည့်အတွက် တာတမံ ကျိုးပေါက်ခြင်းကို လျှော့နည်းစေနိုင်သည့်အပြင်၊ ဆန်စပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းနှင့် ရေသတ္တဝါများ ခိုအောင်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင် လေ့လာသူတို့က ပြောသည်။

    ရေမြို့နယ် သစ်တောဦးစီးဌာနက စာရင်းများအရ ရေးမြို့နယ်အတွင်း ဒီရေတော ဧက ၃၀၀ ခန့်ကို ထိန်းသိမ်းထားကြောင်း ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks