spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ကြာအင်းဆိပ်ကြီးဒေသခံ ထောင်ချီ

    စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ကြာအင်းဆိပ်ကြီးဒေသခံ ထောင်ချီ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်) အတွင်း စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် (၃၁၈) မှ ဇွန်လ ၂၈ ရက်နေ့မှစပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ခလယ်၊ တံခွန်တိုင်၊ ပုလိန်မြို့ဟောင်း၊ ငြိမ်းချမ်းမြိုင်ကျေးရွာများဘက် လက်နက်ကြီးများဖြင့် နေ့စဥ်လိုလို ပစ်ခတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဇူလိုင်လ ၂ ရက်နေ့နံနက်ပိုင်းကလည်း အမြှောက်တပ် (၃၁၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ပုလိန်မြို့ဟောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။

    “အဘစ်အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ နေ့ရော ညရော ပစ်နေတယ်။ လက်နက်ကြီးတွေကလည်း ရွာထဲမှာကျ နေအိမ်တွေ ဘာတွေထိနေတော့ လူတွေကလည်း မနေရဲကြတော့ဘူး။ ဘေးလွတ်ရာကို ပြေးကုန်ကြတာပေါ့” ဟု ခလယ်-တံခွန်တိုင်ဒေသခံတစ်ဦးက ပြောသည်။

    ၎င်းပြင် ယခုရက်ပိုင်းအတွင် စစ်ကောင်စီ စစ်ကြောင်းများ ခလယ်-တံခွန်တိုက်ဘက် စစ်ကြောင်းထိုး ဝင်ရောက်လာနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီအမြှောက်တပ်မှ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း အစရှိသည့် ကျေးရွာများမှ ဒေသခံများ ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ စားဝတ်နေရေးအခက်အခဲများအပြင်  ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးပေါ်အကူအညီလိုအပ်နေကြောင်းလည်း သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း အမြှောက်တပ် (၃၁၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် တံခွန်တိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

    ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်း ပြီးခဲ့သည့် မေလက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်၊ လက်နက်ကြီးများဖြင့် ၁၀၂ ကြိမ်ခန့် ပစ်ခတ်တိုက်ခဲ့ခြင်းပြီး ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၁၇ ဦး ဒဏ်ရာရရှိပြီး၊ ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks