Thursday, March 12, 2026
More
    spot_img
    Homeသတင်းချောင်းနှစ်ခွတံတားအနီးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    ချောင်းနှစ်ခွတံတားအနီးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ ချောင်းနှစ်ခွတံတား အတက်လမ်းအနီးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ချောင်းနှစ်ခွတံတား လုံခြုံရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် တံတားကို စစ်ကောင်စီတပ်တို့က ပိတ်ထားခဲ့သည်။

    ထိုအချိန်တွင် ချောင်းနှစ်ခွကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုငြိမ်းချမ်းဆိုသူက ခြံသွားရန် ထွက်လာရာမှ တံတားပိတ်ထားသည်ဆိုပြီး ရွာဘက်သို့ ပြန်လှည့်လာစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

    “မနက်ပိုင်းမှာ သေနတ်သံတွေ တိတ်သွားတော့ ကိုငြိမ်းချမ်းက ခြံထဲသွားဖို့ ဆိုင်ကယ်နဲ့ ထွက်သွားတာ၊ တံတားက ပိတ်ထားတော့ ရွာဘက်ကို ပြန်လှည့်လာတဲ့အချိန်မှာ Sniper နဲ့ နှစ်ချက် ပစ်ခတ်ခံထိသွားတာ။ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်” ဟု ဆိုသည်။

    သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကိုငြိမ်းချမ်းသည် အငြိမ်းစားဗိုလ်မှူးတစ်ဦး၏ သားဖြစ်ဖြစ်သည်ဟုလည်း ၎င်းနီးစပ်သူထံမှ သိရသည်။  

    ကိုငြိမ်းချမ်းကို ချောင်းနှစ်ခွတံတားရှိ စစ်ကောင်စီတပ်ဖွဲ့တို့ဘက်က ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။

    စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ KNU/PDF တို့ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုငြိမ်းချမ်း ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရေးသားထားသည်။

    ကိုငြိမ်းချမ်း၏ ရုပ်အလောင်းကို ဇူလိုင်လ ၃ ရက်နေ့တွင် မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

    ယမန်နေ့ နံနက်ပိုင်းက ချောင်းနှစ်ခွတံတား လုံခြုံရေးဂိတ်အပြင် ချောင်းနှစ်ခွနယ်မြေရဲစခန်းကို Saw Dragon Drone Force နှင့် Lion Battalion Commando – ဗျူဟာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးသည်ဟု Saw Dragon Drone Force ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks