spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမိုခါမုန်တိုင်းသင့် ရခိုင်ဒေသမှာ နိုင်ငံတကာ ကူညီခွင့်နှင့် သွားလာခွင့် ပိတ်ပင်ထားဆဲ

    မိုခါမုန်တိုင်းသင့် ရခိုင်ဒေသမှာ နိုင်ငံတကာ ကူညီခွင့်နှင့် သွားလာခွင့် ပိတ်ပင်ထားဆဲ

    -

    မြန်မာ့စစ်ကောင်စီသည် မိုခါမုန်တိုင်း ရခိုင်ဒေသမှာ နိုင်ငံတကာ ကူညီခွင့်နှင့် ဝင်ရောက်သွားလာခွင့်ကို ပိတ်ပင်ထားဆဲဖြစ်သည့်အတွက် မုန်တိုင်းသင့်ဒေသခံ ရခိုင်ပြည်သူများ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရတယ်လို့ ကမ္ဘာ့လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ပြောကြားခဲ့သည်။

    ကမ္ဘာ့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မြန်မာ့စစ်ကောင်စီသည် မိုခါမုန်တိုင်းသင့် ဒေသခံ ရခိုင်လူထုတွေဆီ အကူအညီပေးရေးအဖွဲ့များ ဝင်ရောက်မှုကို ပိတ်ပင်တားဆီးထားသည့်အတွက် ပြည်သူလူထုများ အခက်အခဲနှင့် ကြုံတွေ့နေရတယ်လို့ ဆိုသည်။

    အဆိုပါဒေသတွင် အကူအညီပေးရေးအဖွဲ့များ ဝင်ရောက်သွားလာခွင့်ကို ဇွန်လ (၈) ရက်နေ့ကစပြီး စစ်ကောင်စီက ပိတ်ပင်ခဲ့သည်ဟု ဒေသခံတွေက ပြောသည်။ မုန်တိုင်းသင့် ခံခဲ့ရသော ရခိုင်ပြည်သူများအနေဖြင့် ပြင်ပမှ ဆန်၊ ဆီ၊ ဆားကိုသာ မှီခိုအားထားနေရသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲတွေနှင့် ကြုံတွေ့နေရတယ်လို့ သိရသည်။

    ဒါ့အပြင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များလည် ပိတ်ပင်ထားသည့်အတွက် နေအိမ်များ ပြုပြင်ရန်၊ အမိုး မိုးရန်အတွက် အခက်အခဲနှင့် ကြုံတွေ့နေရသည့်အပြင် စာသင်ကျောင်းအများစုကလည်း အမိုးမရှိသည့်အတွက် ကျောင်းသား/ကျောင်းသူများသည် မိုးရေအောက်မှာ စာသင်နေရတယ်လို့လည်း ပြည်သူလူထုတွေက ဆိုသည်။

    မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူပေါင်း (၁၄၅) ဦးခန့် သေဆုံးခဲ့သည်သာမက လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံးများနှင့် သာသနာအဆောက်အဦးများပါ ပျက်စီးခဲ့ရသည်။

    မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း (၂၈၀၀) နှင့် အိမ်ခြေ (၂၈၀၀၀၀) ခန့် ပျက်စီးခဲ့ရပြီး ပြည်သူလူထု (၃၂) သိန်းခန့်လည်း ဒုက္ခနှင့်ကြုံတွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေက ပြောဆိုထားပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks