Homeသတင်းသထုံမြို့တွင် ဘုန်းကြီးကျောင်းဆောင်တစ်ခု မီးလောင်ပြီး သံဃာတော်တစ်ပါး ပျံလွန်တော်မူ

သထုံမြို့တွင် ဘုန်းကြီးကျောင်းဆောင်တစ်ခု မီးလောင်ပြီး သံဃာတော်တစ်ပါး ပျံလွန်တော်မူ

-

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးအနီး နန်းတော်ဦးဘုန်းကြီးကျောင်းဝင်းအတွင်းရှိ တစ်ပါးကျောင်းဆောင်တစ်ခုတွင် ဇွန်လ ၂၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

နန်းတော်ဦးဘုန်းကြီးကျောင်းဝင်းအတွင်းရှိ တစ်ပါးကျောင်းဆောင်တွင် ၃ မိနစ် လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

မီးလောင်မှု‌ကြောင့် တစ်ပါးကျောင်းဆောင်တွင် ညသီတင်းသုံးနေသည့် သက်တော် ၇၀ နှစ် သိက္ခာတော် ၂၃ ဝါရှိ ဦးပညာဝံသမှာ မီးလောင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဦးဇင်းကြီးက ကျန်းမာရေးမကောင်းဘူး။ ကျောက်ကပ်နဲ့ လေရောဂါ ခံစားနေရသူလို့ သိရတယ်။ သိပ်မလှုပ်ရှားနိုင်လို့ မီးခိုးမွှန်ပြီး ပျံလွန်တော်မူခဲ့တာပါ” ဟု ၎င်းက ပြောသည်။

မီးလောင်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် သံဃာ‌တော်၏ ရုပ်ကလပ်တော်အား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts