spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းKNU တပ်မဟာ ၆ တွင် မေလအတွင်း တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ပွား

    KNU တပ်မဟာ ၆ တွင် မေလအတွင်း တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ပွား

    -

    ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆၊ ဒူပလာယာခရိုင်တွင် မေလအတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၄၆ ဦး သေဆုံးပြီး၊ ၄၀ ဦးဒဏ်ရာရကာ ၃ ဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၅ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး သေဆုံးသွားကြောင်း ဆိုသည်။

    မေလတွင် ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်၊ လက်နက်ကြီးများဖြင့် ၁၀၂ ကြိမ်ခန့် ပစ်ခတ်တိုက်ခဲ့ခြင်းကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၁၇ ဦး ဒဏ်ရာရရှိပြီး၊ ၁၃ နှစ်အရွယ် မောင်သန်းနိုင်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟုလည်း ဆိုထားသည်။

    စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KNLA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ပြီး၊ အမျိုးသမီး တစ်ဦးအပါအဝင် ၃ ဦး သေဆုံးသွားခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ပြည်သူနေအိမ်  ၂၂ လုံးပျက်စီးကာ ၄ လုံးသည် လုံးဝပျက်စီးသွားသည့်အပြင် ဥယျာဥ်ခြံနှင့် သီးပင်စားပင်များလည်း ပျက်စီးဆုံးရှုံးခဲ့သည်။

    မေလအတွင်း ဒူးပလာယာခရိုင်တွင် စစ်ဘေးရှောင်ဦးရေပေါင်း ၂၂၅၂၃ ဦးရှိပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးများနှင့် ကုသမှုအတွက် အခက်အခဲ ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts