Tuesday, March 10, 2026
More
    spot_img
    Homeသတင်းKNU တပ်မဟာ ၆ တွင် မေလအတွင်း တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ပွား

    KNU တပ်မဟာ ၆ တွင် မေလအတွင်း တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ပွား

    -

    ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆၊ ဒူပလာယာခရိုင်တွင် မေလအတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၄၆ ဦး သေဆုံးပြီး၊ ၄၀ ဦးဒဏ်ရာရကာ ၃ ဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၅ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး သေဆုံးသွားကြောင်း ဆိုသည်။

    မေလတွင် ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်၊ လက်နက်ကြီးများဖြင့် ၁၀၂ ကြိမ်ခန့် ပစ်ခတ်တိုက်ခဲ့ခြင်းကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၁၇ ဦး ဒဏ်ရာရရှိပြီး၊ ၁၃ နှစ်အရွယ် မောင်သန်းနိုင်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟုလည်း ဆိုထားသည်။

    စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KNLA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ပြီး၊ အမျိုးသမီး တစ်ဦးအပါအဝင် ၃ ဦး သေဆုံးသွားခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ပြည်သူနေအိမ်  ၂၂ လုံးပျက်စီးကာ ၄ လုံးသည် လုံးဝပျက်စီးသွားသည့်အပြင် ဥယျာဥ်ခြံနှင့် သီးပင်စားပင်များလည်း ပျက်စီးဆုံးရှုံးခဲ့သည်။

    မေလအတွင်း ဒူးပလာယာခရိုင်တွင် စစ်ဘေးရှောင်ဦးရေပေါင်း ၂၂၅၂၃ ဦးရှိပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးများနှင့် ကုသမှုအတွက် အခက်အခဲ ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks