spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးလုပ်ငန်းစဥ် မအောင်မြင်သည့်ကိစ္စအပေါ် EAO တွေကို စစ်ကောင်စီ အပြစ်ပုံချ

    ငြိမ်းချမ်းရေးလုပ်ငန်းစဥ် မအောင်မြင်သည့်ကိစ္စအပေါ် EAO တွေကို စစ်ကောင်စီ အပြစ်ပုံချ

    -

    မြန်မာပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဥ် အောင်မြင်မှုမရတာဟာ အမြတ်အစွန်း အလွန်ကြီးမားသည့် မူးယစ် ဆေးဝါးလုပ်ငန်းကို EAO အများစု မစွန့်လွှတ်နိုင်၍ အချိန်ဆွဲနေခြင်းသာဖြစ်သည်ဟု ထိုင်းအစိုးရ ဦးဆောင် ကျင်းပသည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်တွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

    ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နှင့် ၁၉  ရက်နေ့တို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၏ ဆွေးနွေးချက်များကို ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

    EAO များသည် နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူမှောင်ခိုမှုကဲ့သို့ တရားမဝင်လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များကို မစွန့်လွှတ်လိုကြ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အပြည့်အဝမပါဝင်နိုင်တာလို့ EAO များအပေါ် စစ်ကောင်စီက အပြစ်ပုံချ ပြောဆိုထားသည်။

    နယ်စပ်ဖြတ်ကျော် တရားမဝင် စီးပွါးရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို လုပ်ငန်းများ နှိမ်နင်းရေးကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုကြောင်းလည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO (၁၈) ဖွဲ့ရှိသည့်အနက် (၁၀) ဖွဲ့မှာ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ကြပြီး ကျန် (၈) ဖွဲ့မှာ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်သည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

    လက်ရှိအခြေအနေအရ ၂၀၁၀ ဦးသိန်းစိန်အစိုးရနှင့် ၂၀၁၅ NLD အစိုးရလက်ထက်တွင် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန်နေသည့်အဖွဲ့များရှိသလို စစ်ကောင်စီက ဦးဆောင်ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပါဝင်ခြင်း မရှိတော့သည့်အဖွဲ့များလည်း ရှိကြောင်း သိရသည်။

    ထိုင်းအိမ်စောင့်အစိုးရက ဦးဆောင်ကျင်းပခဲ့သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် မြန်မာ စစ်ကောင်စီ ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားဆွေးနွေးစေသည့်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့နှင့် ထိုင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတို့အကြား ပြစ်တင်ဝေဖန်ခံနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks